မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်မည့်သူများ အမှတ် (၁) ချစ်ကြည်ရေးတံတား ပိတ်ထားဆဲဖြစ်သဖြင့် ထွက်ခွာခွင့်မရဘဲ မြဝတီမြို့တွင် သောင်တင်နေ

မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်မည့်သူများ အမှတ် (၁) ချစ်ကြည်ရေးတံတား ပိတ်ထားဆဲဖြစ်သဖြင့် ထွက်ခွာခွင့်မရဘဲ မြဝတီမြို့တွင် သောင်တင်နေ
Published 24 April 2024

မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တ ရားဝင်သွားရောက်မည့်သူများ အမှတ် (၁) ချစ်ကြည်ရေးတံတား ပိတ်ထားဆဲဖြစ်သဖြင့် ထွက်ခွာခွင့်မရဘဲ မြဝတီမြို့တွင် သောင်တင် နေကြောင်း သိရသည်။

မြဝတီ-မဲဆောက်လမ်းမှ ထိုင်းနိုင်ငံ ဘန် ကောက်မြို့သို့ စေျျစသမအ စာအုပ်ဖြင့် တရားဝင်သွားရောက်ကြမည့်သူများမှာ  တံတားမှ ထွက်ခွာခွင့်ရမည့်ရက်ကို စောင့်ရင်း မြဝတီ မြို့၌ သောင်တင်နေကြခြင်းဖြစ်ကြောင်း သိ ရသည်။

မြဝတီ -မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၂) အနီးတွင် ဧပြီ ၂၀ ရက် နံနက်ကတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ဧပြီ ၂၁ ရက် နံနက်မှစတင်ကာ အမှတ် (၁) ချစ်ကြည်ရေး တံတားမှ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ခွင့်ကို ရပ်ဆိုင်းခဲ့သည်။

ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ပြန် လာသူများကိုသာ ဝင်ခွင့်ပြုပြီး မြန်မာနိုင်ငံမှ ထိုင်းဘက်သို့ သွားရောက်မည့် မည်သူကိုမဆို ထွက်ခွာခွင့် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ နေရပ်မြန်မာနိုင်ငံသို့ တရားဝင် နေရပ်ပြန်လာသော မြန်မာလုပ် သားများမှာလည်း လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင် ငံသို့ ဝင်ရောက်ရန် မြန်မာနိုင်ငံ မြဝတီချစ် ကြည်ရေးတံတားမှဝင်ခွင့်မပြု၍ အခက်အခဲ များစွာကြုံနေရသည်ဟု ဆိုသည်။

“သင်္ကြန်မတိုင်ခင်က နေရပ်ကိုပြန်ပြီး မိဘတွေနဲ့ အလှူသွားလုပ်တာပါ။ အလုပ်ရှိ တဲ့ ထိုင်းကို ပြန်တက်ဖို့လာတာ အခုမြဝတီမှာ သောင်တင်နေတာ သုံးရက်ရှိပါပြီ။ ဒီမှာ နေရ တည်းရ စားရ စရိတ်တွေ ထောင်းနေပြီ။ တံ တားအမြန်ပြန်ဖွင့်ပါစေလို့ ဆုတောင်းပါတယ်” ဟု လုပ်ငန်းခွင်ရှိရာ ဘန်ကောက်သို့ပြန်သွား ရမည့် အမျိုးသမီးငယ်တစ်ဦးက ဆုုိသည်။

Most Read

Most Recent