ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ ချောက်မြို့သည် ထိပ်ဆုံး၌ ရပ်တည်နေပြီး မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြို့တို့လည်း ပါဝင်

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ ချောက်မြို့သည် ထိပ်ဆုံး၌ ရပ်တည်နေပြီး မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြို့တို့လည်း ပါဝင်
Published 23 April 2024

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ ချောက်မြို့သည် ထိပ်ဆုံးမှ ရပ်တည်နေပြီး မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြို့များလည်း ပါဝင်ကြောင်း မိုးလေဝသသတင်းများ ဖော်ပြလျက်ရှိသည့် Eldoradoweather ၌ ဖော်ပြထားသည်။

ဧပြီ ၂၃ ရက်တွင် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှချောက်မြို့သည်  ၄၅ ဒသမ ၈ ဒီဂရီစင်တီဂရိတ်တွင်ရှိကာ နံပါတ် (၁) အဖြစ် ရပ်တည်လျက်ရှိသည်။

မကွေးမြို့သည် ၄၅ ဒီဂရီစင်တီဂရိတ်နှင့် နံပါတ် (၃) နေရာတွင်ရှိနေပြီး မင်းဘူးမြို့မှာ ၄၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် (၇) နေရာတွင်ရှိနေသည်ကို တွေ့ရသည်။

ညောင်ဦးမြို့သည် ၄၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် (၈) နေရာတွင်လည်းကောင်း၊ စစ်ကိုင်းမြို့မှာ ၄၃ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် (၁၅) နေရာတွင်လည်းကောင်း တည်ရှိနေသည်ကို တွေ့ရသည်။

မကွေးတိုင်းဒေသကြီး ချောက်မြို့သည် ဧပြီလမှစတင်ပြီး ကမ္ဘာ့အပူဆုံးမြို့များတွင် ထိပ်ဆုံးနေရာ၌ ရောက်ရှိနေသည့်မြို့တစ်မြို့လည်းဖြစ်သည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ဧပြီလတတိယပတ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ဧပြီလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်နှင့်အထက် နေ့အပူချိန်ပိုနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး ကချင်၊ ချင်း၊ ရခိုင်နှင့် ကရင်ပြည်နယ်တို့တွင် ဧပြီလပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent