ဧပြီလ ဒုတိယ ၁၀ ရက်ပတ်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် ဧပြီလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် နေ့အပူချိန်ပိုနိုင်

ဧပြီလ ဒုတိယ ၁၀ ရက်ပတ်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် ဧပြီလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် နေ့အပူချိန်ပိုနိုင်
ဒလမြို့ဘက်ကမ်းသို့ သွားရောက်မည့် ခရီးသွားအချို့ကို ရန်ကုန်မြို့ဆိပ်ကမ်းတစ်ခုတွင် ယခုရက်ပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ဒလမြို့ဘက်ကမ်းသို့ သွားရောက်မည့် ခရီးသွားအချို့ကို ရန်ကုန်မြို့ဆိပ်ကမ်းတစ်ခုတွင် ယခုရက်ပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 11 April 2024

ဧပြီလ ဒုတိယ ၁၀ ရက်ပတ်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် ဧပြီလပျမ်းမျှအပူ ချိန် ၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် နေ့အပူချိန်ပိုနိုင်ကြောင်း ဧပြီ ၁၁ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဧပြီလ ဒုတိယ ၁၀ ရက်ပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်အ နေဖြင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကပ္ပ လီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်  ထွန်းနိုင်ကြောင်း သိရသည်။

မိုးရွာသွန်းမှုအနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

မိုးရွာရက်အနေဖြင့် တနင်္သာရီတိုင်းဒေ သကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် သုံးရက်မှ လေးရက်ခန့် နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည် နယ်တို့တွင် တစ်ရက်မှ နှစ်ရက်ခန့် မိုးထစ် ချုန်းရွာနိုင်ကြောင်း သိရသည်။

နေ့အပူချိန်အနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင် ပြီး ကချင်ပြည်နယ်တွင် ဧပြီလ ပျမ်းမျှအပူချိန် ခန့်သာရှိနိုင်ကြောင်း သိရသည်။

Most Read

Most Recent