အာရှကို ပူလောင်စေသော အပူလှိုင်းများ

အာရှကို ပူလောင်စေသော အပူလှိုင်းများ
Published 3 May 2024
မင်းထက်

အာရှဒေသအများအပြားသည် အပူလှိုင်းကြောင့် ပူလောင်အိုက်စပ်လျက်ရှိသည်။ မြန်မာနိုင်ငံမှသည် ဖိလစ်ပိုင်အထိ အပူစံချိန်များ အမြင့်ဆုံးကိုရောက်ခဲ့သော အပူလှိုင်းကြောင့် ကျောင်းသား သန်းပေါင်း များစွာသည် ကျောင်းမတက်ကြရဘဲ အိမ်တွင် နေခဲ့ကြရသည်။

ပြင်းထန်အပူဒဏ်သည် ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်ရသည်ဟု ရာသီဥတု သိပ္ပံပညာရှင်များက ပြောသည်။ ရာသီဥတု ပြောင်းလဲမှုသည် လူသားတို့၏ လုပ်ဆောင်ချက်များကြောင့် ပြောင်းလဲခြင်းဖြစ်သည်။  ထို့ကြောင့် ပြင်းထန်အပူလှိုင်းများ မကြာမကြာ ဖြစ်ပေါ်မည်ဟု ဆိုသည်။ အပူလှိုင်း ကျချိန်များသည် အချိန်ပိုကြာလာမည်ဖြစ်သည်။ အပူလှိုင်းတို့သည် ပိုမိုပြင်းထန်လာမည်ဟု သိပ္ပံပညာရှင်များက ဟောကိန်း ထုတ်ထားကြသည်။

သက်ရောက်သည့် နေရာများ

ပြင်းထန်အပူသည် တောင်အာရှနှင့် အရှေ့တောင်အာရှတို့တွင်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်းက ချောက်မြို့တွင် စံချိန်တင်အပူချိန်ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ဖိလစ်ပိုင်မြို့တော် မနီလာသည်လည်း အပူ ချိန် စံချိန်တင်သွားခဲ့သည်။

ထိုင်းအာဏာပိုင်များက ပြင်းထန် သောအခြေအနေများနှင့်ပတ်သက်၍ သတိ ပေးချက်များကို ထုတ်ပြန်ခဲ့ကြသည်။ ကမ္ဘော ဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်တို့က အာဏာပိုင်များကလည်း အပူ ချိန်သည် ၄၀ ဒီဂရီဆဲလ်စီယပ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) အထက်ကို ရောက်ရှိမည်ဟု သတိပေးထားသည်။

ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် စာသင်ကျောင်းများကို ပိတ်ထားခဲ့သည်။ အိန္ဒိယနိုင်ငံကလည်း ပြင်းထန်အပူချိန်က ရွေးကောက်ပွဲတွင် လာရောက်မဲပေးကြမည့် ပြည်သူများကို သက်ရောက်မှုရှိ မရှိ လေ့လာ ဆန်းစစ်လျက်ရှိသည်။

ဂျပန် မြောက်ပိုင်းကိုတောင် သက် ရောက်မှုရှိခဲ့သည်။ ဂျပန်နိုင်ငံ၏ ဆက်ပိုရို တွင် ဧပြီလထဲ အပူချိန်များသည် ၂၅ ဒီဂရီ ဆဲလ်စီယပ်(၇၇ ဒီဂရီဖာရင်ဟိုက်) ကို ကျော် လွန်သွားခဲ့ရာ နှစ်တစ်နှစ်၏ အစောဆုံးအ ချိန်တွင် အပူချိန် စံချိန်တင်သွားခြင်းဖြစ် သည်။

 

အပူဒဏ်ဖြစ်ပေါ်စေသည့်အရာ

အရှေ့တောင်အာရှနှင့် တောင်အာရှ ဒေသတို့၏ မုတ်သုံရာသီ သို့မဟုတ် မိုးရာသီ မရောက်မီ လများသည် ထုံးစံအားဖြင့် ပူ ပြင်းသောလများဖြစ်သည်ဆိုသော်လည်း ယခုနှစ်တွင် အပူချိန်များသည် နိုင်ငံအများ အပြား၌ ပျမ်းမျှအပူချိန်အထက်ကို ရောက် ရှိနေသည်။

ရာသီဥတုပြောင်းလဲမှုက ပိုမိုပြင်းထန် သော၊ အချိန်ပိုကြာသော အပူလှိုင်းများကို မကြာမကြာဖြစ်ပေါ်စေသည်ဟု ပညာရှင် များက ပြောသည်။

အာရှသည် တစ်ကမ္ဘာလုံး ပျမ်းမျှအပူ ချိန်ထက် ပိုမိုမြန်ဆန်စွာ ပူနေသည်ဟု ကုလ သမဂ္ဂအေဂျင်စီတစ်ခုဖြစ်သည့် ကမ္ဘာ့မိုးလေ ဝသအဖွဲ့က ထုတ်ပြန်ထားသည်။

ယခုနှစ်တွင် အယ်နီညို မိုးလေဝသဖြစ် စဉ်သည် အခန်းကဏ္ဍတစ်ခုကနေ ပါဝင် လျက်ရှိသည်ဟု ဆစ်ဒနီနည်းပညာတက္က သိုလ်$ မိုးလေဝသပညာရှင်အဖြစ်လည်း ကောင်း၊ အချိန်ပိုင်းသုတေသနပညာရှင်အ ဖြစ်လည်းကောင်း ဆောင်ရွက်နေသော မီလ် တန်စပီးယားက ပြောသည်။

“အယ်နီညိုဖြစ်စဉ်မှာ မိုးတိမ်တွေ ကင်းစင်နေတာဟာ ပျမ်းမျှအပူချိန်ကို ပိုမို မြင့်တက်လာစေနိုင်ပါတယ်”ဟု ၎င်းက အေ အက်ဖ်ပီကို ပြောကြားသည်။

အာရှတွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်များသည် လတ်တလောအချိန်တွင် သာမန်အထက် ဒီဂရီဆဲလ်စီယပ် အနည်း ငယ်ပိုများနေသည်။ ထို့ကြောင့် ညအချိန် တွင် ကုန်းတွင်းပိုင်း$ သာမန်ထက်ပိုများ သော အပူချိန်များကို ကူညီထိန်းထားပေးရာ ရောက်နေသည်ဟု ဆိုသည်။

“ဒါကြောင့် နေ့ဘက်အပူချိန်တွေဟာ  ပိုမြင့်တဲ့အခြေခံကနေ စတင်မြင့်တက်လာ တာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ထည့်သွင်းစဉ်းစားစရာကောင်းသည့် အခြားသော အချက်များလည်းရှိနေသည်။ ထိုအထဲတွင် သစ်တောပြုန်းတီးမှုသည် လည်း တစ်ခုအပါအဝင်ဖြစ်သည်။ တော ပြုန်းခြင်းကြောင့် အရိပ်အာဝါသတို့ လျော့ နည်းသွားပြီး ခြောက်သွေ့မျက်နှာပြင် ဧရိ ယာတို့ တိုးလာသည်။ ထို့ကြောင့် အရိပ်ရ  သော ကျေးလက်တို့ထက် မြို့ကြီးပြကြီးတို့ တွင် ကွက်၍ အပူချိန်များနေသည့် အနေအ ထားကို ဖြစ်ပေါ်စေသည်။ မြို့ကြီးပြကြီးတို့ က အဆောက်အအုံများ$ အသုံးပြုထား သော ကွန်ကရစ်၊ မှန်၊ စတီးတို့သည် အပူကို ဖြာထွက်စေခြင်းထက် အပူကို စုပ်ယူထားကြ ခြင်းဖြစ်ရာ မြို့ပြသည် ပို၍ပူသည်။

 

မည်သူတို့ကို ထိခိုက်စေသလဲ

ပြင်းထန်အပူသည် ကလေးသူငယ်များ၊ အသက်ကြီးသူများ၊ ဆင်းဆင်းရဲရဲ နေထိုင် နေရသူများကို ဆိုးဆိုးရွားရွား ထိခိုက်စေ သည်။

ကလေးများ၊ အသက်ကြီးသူများ၊ ရော ဂါအခံရှိထားသူများ၊ မသန်စွမ်းသူများသည် ပိုမိုလျင်မြန်စွာ အပူလွန်သည့်ဒဏ်ကို ခံစား ရနိုင်သည်။

ဆင်းဆင်းရဲရဲနေရသူများသည် နေ အိမ်တို့$ အဲယာကွန်း၊ ပန်ကာတို့လို အပူ ဒဏ်သက်သာစေသော အရာများမရှိသဖြင့် သူတို့သည် အပူဒဏ်ကို ပိုခံကြရသည်။ ထို့ အပြင် လုံလောက်သည့် အပူဒဏ်အကာ အကွယ်တို့မပါဘဲ ပြင်ပတွင် အလုပ်လုပ်ရ သူများသည် ပြင်းထန် အပူဒဏ်ကို ခံစားကြ ရသည်။

အရှေ့အာရှနှင့် ပစိဖိတ်တို့က ကလေး ၂၄၃ သန်းသည် အပူလှိုင်း အန္တရာယ်များရှိ နေသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့ ယူနီဆက်ဖ်က ဧပြီလထဲတွင် သတိပေး ထားသည်။

“ကလေးတွေ အပူလှိုင်းတွေနဲ့ထိတွေ့ တာဟာ ခန္ဓာကိုယ်က ကိုယ်တွင်းအပူချိန်ကို မထိန်းနိုင်တဲ့ heat stress ကို ဖြစ်စေနိုင်ပါ တယ်”ဟု ယူနီဆက်ဖ်၏ ဒေသဆိုင်ရာ အ ရှေ့အာရှနှင့် ပစိဖိတ်ရုံးအတွက် ကျန်းမာ ရေးအထူးကျွမ်းကျင်သူ ဆဲလ်ဝါအလီရီယာ နီက ပြောသည်။

“နှလုံး ကြွက်သားဆိုင်ရာ ရောဂါတွေ၊ အင်္ဂါချို့ယွင်းတာတွေ၊ <ကက်သားနဲ့အာရုံ ကြော မူမမှန်တာတွေလို ပြင်းထန်တဲ့အခြေ အနေတွေ ဖြစ်လာနိုင်ပါတယ်”ဟု ၎င်းင်းက အေအက်ဖ်ပီကို ပြောသည်။

နိုင်ငံများက မည်သို့တုံ့ပြန်သနည်း

နိုင်ငံအများအပြားက အာဏာပိုင်များ က ပြည်သူများ အိမ်တွင်နေကြရန် မေတ္တာ ရပ်ခံထားသည်။ နီပေါ ဆေးရုံများကို အသင့် ပြင်ထားသည်။ လေဝင်လေထွက်ကောင်း စေရန် အစိုးရစာသင်ကျောင်းများ၌ တံ ခါးမကြီးများနှင့် ပြတင်းပေါက်များကို ဖွင့် ထားရန် ကမ္ဘောဒီးယားအာဏာပိုင်များက မေတ္တာရပ်ခံထားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်တို့တွင် စာ သင်ကျောင်းများကို ရက်ချီပိတ်ထားဆိုသည့် အစီအမံများအထိ ချမှတ်ဆောက်ရွက်သည် ကို တွေ့ရသည်။   

သို့ရာတွင် ကလေးအများအပြား အိမ် မှာနေကြသော်လည်း ပိုအေးသော အခြေအ နေများရှိလာလိမ့်မည်မဟုတ်ဟု အလီယာနီ က သတိပေးသည်။

အလုပ်သွားသောကြောင့် မိဘများ အိမ်တွင်မရှိခိုက် ကျောင်းမတက်သော ကျောင်းသားများကို ကြီးကြပ်မည့်သူမရှိ သည့်အနေအထားက ကလေးတို့၏ ပညာ ရေးကို အနှောင့်အယှက်ဖြစ်စေသည်ဟု ၎င်းင်းကပြောသည်။

 

အပူဒဏ် ဘယ်လောက်ကြာမည်လဲ

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အပူဒဏ်သည် အစောဆုံးအနေဖြင့် မေ ၂ ရက်အထိ ကျ ဆင်းသွားဦးမည်မဟုတ်ဟု ခန့်မှန်းထား သည်။ ထိုင်း မိုးလေဝသခန့်မှန်းသူများက လည်း နှစ်စဉ်ရွာနေကျမိုးသည် မေလကုန် ပိုင်းမှ ရွာနိုင်သည်ဟု သတိပေးနေသည်။ မိုး ရာသီသည် သာမန်ထက် သီတင်းပတ်များစွာ နောက်ကျမည်ဟု ဆိုသည်။ မိုးအဝင်နောက် ကျမည့်သဘောပင်ဖြစ်သည်။

အာရှ၏မုတ်သုံဝင်ချိန်အထိ အပူချိန် များ ဆက်လက်မြင့်တက်နေဦးမည်ဟု စပီး ယားက ပြောသည်။ အာရှတွင် မိုးရာသီဝင် လာသည့်အခါ အပူချိန်များသည် ကျဆင်း သွားသည်။

“တစ်ကမ္ဘာလုံးပူနွေးမှုကြောင့် သမုဒ္ဒ ရာတွေနဲ့လေထုတို့ဟာ တဖြည်းဖြည်း ပူလာ ပါတယ်။ ဒါကြောင့် အပူလှိုင်းတွေဟာ မကြာခဏ ဆက်လက်ဖြစ်ပေါ်နေပါလိမ့် မယ်”ဟု ၎င်းင်းက သတိပေးသည်။

ထို့ကြောင့် အပူလှိုင်းများ မကြာခဏ ဖြစ်ပေါ်ခြင်းက ကောက်ပဲသီးနှံများနှင့် ကျွဲ၊ နွားတိရစ္ဆာန်များအတွက် အန္တရာယ်ရှိနေ သည်။ အိမ်ပြင်ပတွင်  အလုပ်လုပ်နေရသူ များအတွက်လည်း အန္တရာယ်ရှိနေသည်။

အပူလှိုင်းများနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ရေးသည် အရေးကြီး သည်။ လူတို့ နေ့ဘက်တွင် အလုပ်လုပ်နိုင်ပြီး ညဘက်တွင် အိပ်နိုင်စေရန် အဲယာကွန်းရှိ သောပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးကာ အပူဒဏ်လျော့ပါးအောင်လုပ်ရေးသည် အလွန်အရေးကြီးသည်ဟု စပီးယားက ပြော သည်။

 

ဗီယက်နမ်တွင် ငါးများသေဆုံး

အပူလှိုင်းကျခဲ့သည့် ဗီယက်နမ်တွင် လည်း ရေလှောင်ကန်ကြီးတစ်ခု$ ငါးများ သေဆုံးခဲ့သည်။ ဗီယက်နမ်တောင်ပိုင်း ပြည်နယ် ဒေါင်နိုင်းတွင် ငါးများ ရာချီသေ ဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါကန်ကြီးကို စီမံ ခန့်ခွဲသူများကြောင့် ငါးများသေဆုံးခြင်းဖြစ် သည်ဟု အပြစ်တင်နေကြသည်။

 ဒေါင်နိုင်းပြည်နယ်တွင် အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီယပ်(၁၀၄ ဒီဂရီဖာရင်ဟိုက်)  အထိ ရောက်ရှိခဲ့သည်။ အဆိုပါအပူချိန်သည် ၁၉၉၈ တွင်တင်ထားသော ဗီယက်နမ် စံချိန် တင်အပူချိန်ကို စံချိန်ချိုးသွားခဲ့သည်။ ဧပြီ လအတွက် စံချိန်သစ်ဖြစ်သည်။

ဒေါင်နိုင်းပြည်နယ်သည် ဟိုချီမင်းမြို့ ၏အနောက်ဘက် ကီလိုမီတာ ၁၀၀ အကွာ တွင်ရှိသော ပြည်နယ်ဖြစ်သည်။

ဗီယက်နမ်၏အိမ်နီးချင်း ကမ္ဘောဒီး ယားနိုင်ငံတွင်လည်း လွန်ခဲ့သော ရက်ပိုင်း က အပူချိန်သည် ၄၃ ဒီဂရီဆဲလ်စီယပ်အထိ ရောက်ရှိခဲ့သည်။ ထို့ကြောင့် ပညာရေးဝန် ကြီးက ကျောင်းသားများ အပူရှောင်နိုင်စေ ရေးအတွက် နံနက်ပိုင်းအတန်းများကို စာ သင်ချိန်လျှော့ချစေခဲ့ပြီး ညနေပိုင်းအတန်း များကို အချိန်နောက်ကျမှ ပြန်လွှတ်စေခဲ့ သည်။

          တောင်အာရှဒေသနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါတို့သည်လည်း ပြင်းထန်အပူလှိုင်းများကို ကြုံနေရသည်။ ၂၀၁၀ ပြည့်နှစ်အထိ နှစ် ၃၀ ကာလတွင် ဘင်္ဂလားဒေ့ရှ်$ ဧပြီလအတွက် နေ့စဉ် ပျမ်းမျှအပူချိန်မြင့်တက်မှုသည် နှစ်မှ ရှစ် ဒီဂရီဆဲလ်စီယပ်အထိရှိနေသည်ဟုဘင်္ဂ လားဒေ့ရှ်မိုးလေဝသဌာနက ထုတ်ပြန်ထား သည်။ ထို့ကြောင့် လွန်ခဲ့သော ၁၀ ရက်အ တွင်းတွင် ဘင်္ဂလားဒေ့ရှ်၌ အပူလျှပ်သေဆုံး သူ အနည်းဆုံး ၁၀ ဦးအထိရှိခဲ့သည်ဟု သိရ သည်။                                              Ref: AFP

Photo: AFP

Most Read

Most Recent