အောင်မြေသာစံ မြို့နယ် ညောင်ကွဲ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မိသားစုဝင် သုံးဦး အသတ်ခံရ

အောင်မြေသာစံ မြို့နယ် ညောင်ကွဲ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မိသားစုဝင် သုံးဦး အသတ်ခံရ
Published 12 April 2024

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်တွင် မိသားစုဝင် သုံးဦး  အသတ်ခံရမှု ဧပြီ ၁၁ ရက်ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၁၀ လမ်း၊ ၈၇ လမ်းနှင့် ၈၈ လမ်းကြားရှိ ဦးမြင့်စိုး၊  ဒေါ်မြသန်းထိုက်နှင့်  သား ကိုထက်လင်းစိုး တို့၏နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါမိသားစုဝင် သုံးဦးနေထိုင်သောအိမ်သည့်  လွန်ခဲ့သော သုံးရက်ခန့်ကတည်းက ပိတ်ထားပြီး အပုပ်နံများ ထွက်လာကြောင်း  ပတ်ဝန်းကျင်မှ အကြောင်းကြားလာသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တံခါးကို ရိုက်ဖွင့်စစ်ဆေးရာမှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

နေအိမ်အိပ်ခန်းတွင်း၊ ရေချိုးခန်းတွင်းနှင့် အိမ်နောက်ခန်းစသည့်နေရာအသီးသီးတို့တွင် မိသားစုသုံးဦးလုံးကို ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ၊နားထင်ဓါးစိုက်ဒဏ်ရာစသည့် ဒဏ်ရာအသီးသီးတို့ဖြင့် သေဆုံးနေကြသဖြင့် ပစ္စည်းပျောက်ရှခြင်း ရှိ မရှိ၊ ရန်ငြှိုးရန်စ ရှိမရှိ စသည်တို့ကို စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း  သိရသည်။

Most Read

Most Recent