ကိုလံဘီယာမြို့တစ်မြို့၏ အဖြေရှာမရသည့် မမ်မီရုပ်အလောင်းများ

ကိုလံဘီယာမြို့တစ်မြို့၏ အဖြေရှာမရသည့် မမ်မီရုပ်အလောင်းများ
Photo-AFP
Photo-AFP
Published 5 May 2024

ကိုလံဘီယာနိုင်ငံ အန်းဒက်စ်ဒေသရှိ မြို့ငယ်လေးတစ်မြို့တွင် ကလိုဗစ်နာဘီဂျာရာနိုအမည်ရှိအ မျိုးသမီးသည် ၎င်း၏မိခင်ဖြစ်သူအလောင်းထည့်ထားသော ဖန်သေတ္တာ တစ်ခုအနီးတွင် ဒူးထောက်ထိုင်လျက်ရှိကာ ၎င်း၏မိခင်သည်လွန်ခဲ့သည့်နှစ် ၃၀ ခန့်က ကွယ်လွန်သွားခဲ့သော်လည်း အိမ်ပျော်နေသူတစ်ဦးကဲ့သို့ မြင်တွေ့ရလျက်ရှိသည်။

ဆာတာနီနာတောရက်စ်ဒီဘီ ဂျာရာနိုအား ၎င်းကို မြှုပ်နှံထားချိန်က ဝတ်ဆင်ထားသော နှင်းဆီပုံစံဝတ်စုံနှင့် အစိမ်းရောင်သိုးမွှေးဆွယ်တာဖြင့် မြင်တွေ့ရကာ ၎င်း၏လက်ထဲတွင် အနီရောင်ဇော်မွှားပန်းအတုကို ကိုင်ဆောင်ထားသည်။

“အမေ့ကို သူ့ရဲ့သေးငယ်တဲ့  မျက်နှာသွင်ပြင်၊ သူ့ရဲ့ကျစ်ဆံမြီးတွေနဲ့ သူ့ရဲ့ဆံပင်တွေကို အရင်အတိုင်းပဲ မြင်တွေ့နေရပါသေးတယ်”ဟု အသက် ၆၃ နှစ်အရွယ်ဘီဂျာရာနိုက ၎င်း၏မိခင်အလောင်းကို ပြသထားသည့် ပြတိုက်တစ်ခုတွင် မိခင်ဖြစ်သူ၏ နောက်ဆုံးအနားယူသည့်နေရာ၌ ယင်းကဲ့သို့ ပြောပြခဲ့သည်။ဆန် ဘာနာဒိုမြို့မှ အခြား ၁၃ ဦးသည်လည်း သေဆုံးပြီးနောက် အလိုအလျောက်ထူးဆန်းစွာဖြင့် မမ်မီရုပ်အ လောင်းများဖြစ်သွားခဲ့သည်။

“ဘုရားသခင်က သူ့ကို(မိခင်ဖြစ်သူ)မူလအခြေအနေအတိုင်း ထိန်းသိမ်းထားချင်လို့ဖြစ်မှာပါ။ ဒါပေမဲ့ ဒီလိုပြောရတာကလည်း အကြောင်းပြချက်တစ်ခုသာသာပဲ ဖြစ်ပါတယ်”ဟု ဘိုဂိုတာမြို့တော်မှ ၆၂ မိုင်အကွာရှိ ဆန်ဘာနာဒိုမြို့တွင် နေထိုင်သည့် ဘီဂျာရာနိုက ဆိုသည်။

တောရက်စ်ကို ၁၉၉၃ ခုနှစ်က ဆန်ဘာနာဒိုမြူနီစပယ်သုဿာန်ရှိ  အုတ်ဂူတစ်ခုတွင် မြှုပ်နှံခဲ့သည်။

၂၀၀၁ ခုနှစ်က အလောင်းအသစ်များအတွက် နေရာစီစဉ်ပေးရန် ၎င်း၏အုတ်ဂူကို ပြန်လည်တူးဖော်ချိန်၌ ၎င်း၏အလောင်းတွင်ဆံပင်၊ လက်သည်းများနှင့် ခန္ဓာကိုယ်တွင်း တစ်ရှူးအများအပြားသည် ကောင်းမွန်စွာ ထိန်းသိမ်းခံထားရသကဲ့သို့ ပုံစံမပျက်တည်ရှိနေသည်ကို ၎င်း၏ဆွေမျိုးများက တွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ တွေ့ရှိမှုသည် အထူးတဆန်းမဟုတ်ပေ။ ၁၉၆၃ ခုနှစ်တွင် ပထမဆုံးအကြိမ် အလားတူဖြစ် စဉ်တွေ့ရှိခဲ့ပြီးနောက် အုတ်ဂူအများအပြားမှ ဒါဇင်နှင့်ချီသော မမ်မီရုပ် အလောင်းများကို တွေ့ရှိခဲ့သည်။

“ဒီလိုတွေစတင်ဖြစ်ခဲ့ချိန်တုန်းက လူတွေက ဘာများဖြစ်လဲဆိုပြီး အနည်းငယ်တော့ စိတ်ဝင်စားကြပါ တယ်။လူတွေက သူတို့တွေဟာခြွင်းချက်အနေနဲ့ ဒီလိုဖြစ်စဉ်တွေကြုံလာရတယ်ဆိုပြီး ထင်ခဲ့ကြတယ်”ဟုပြ တိုက်လမ်းညွှန် ရိုစီယိုဗာဂါရာက ဆိုသည်။

“အချိန်တွေကြာလာတော့ ဒီလိုအခြေအနေမျိုးနဲ့ နောက်ထပ်အလောင်းတွေ ပိုပြီးခပ်စိတ်စိတ်တွေ့ လာခဲ့ရပါတယ်”ဟု ၎င်းကပြောပြခဲ့သည်။အချို့အလောင်းများတွင် အလျင်အမြန်ပုပ်သိုးတတ်သောမျက် လုံးများပင် ဆက်လက်တည်ရှိနေကြသည်ကို တွေ့ရသည်။

၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကုန်ပိုင်းတွင် နှစ်စဉ် သုဿာန်တွင်မမ်မီရုပ်အလောင်းဖြစ်နေသည့် ရုပ်အလောင်းပေါင်း ၅၀ ကို တွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင်နှစ်အလိုက် ယင်းကဲ့သို့ တွေ့ရှိမှု နှုန်းလျော့ကျလာခဲ့သည်ဟု ဗာဂါရာက ဆိုသည်။

ယင်းဖြစ်စဉ်ကို ဖြေရှင်းရန်မက္ကဆီကိုနှင့် အီတလီကဲ့သို့နိုင်ငံများမှကျွမ်းကျင်ပညာရှင်အများအပြားက အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ဆန်ဘာနာဒိုမြို့မှဆက်တိုက် မမ်မီရုပ်အလောင်းများဖြစ် ပွားရသည့် အကြောင်းအရင်းကို အဖြေရှာတွေ့ခဲ့ခြင်းမရှိဟု ဗာဂါရာက ဆိုသည်။

အချို့ဒေသခံများကမူ မမ်မီရုပ်အလောင်းဖြစ်သွားကြသော လူများသည် အသက်ရှင်စဉ်ကာလက ကောင်းမှုများကို ပြုလုပ်ခဲ့သည့်အတွက် သေလွန်ပြီးနောက် ဆုလာဘ် ချီးမြှင့်ခံရခြင်းဖြစ်သည်ဟု ယူဆ ထားကြသည်။

“ဒီလိုဖြစ်စဉ်မျိုးကို ပြစ်ဒဏ်တစ်ခုဆိုပြီး ယူဆထားသူတွေလည်းရှိပါတယ်”ဟု ဗာဂါရာကဆိုသည်။

အများစုကမူ ဆန်ဘာနာဒိုမြို့ရှိ ဒေသခံများ၏ ကျန်းမာသောစား သောက်မှုပုံစံနှင့် ဖြတ်လတ်တက်ကြွ သော လယ်ယာစိုက်ပျိုးရေးပြုလုပ်သည့် ဘဝနေထိုင်မှုကြောင့်ဖြစ်သည်ဟု ယူဆထားကြသည်။

သို့သော် မမ်မီရုပ်အလောင်း ဖြစ်သွားသူများမှတစ်ဦးဖြစ်သည့် ဂျော့ချ်အာမန်ဒိုခရုစ်မှာ ၎င်းအ သက်ရှင်စဉ်အချိန်က ၎င်း၏အချိန်အများစုကို ဘိုဂိုတာမြို့တွင်ကုန်ဆုံးခဲ့ပြီး သေဆုံးသည့်အချိန်တွင် မြှုပ်နှံ ရန်အတွက် ၎င်း၏မွေးရပ်မြေဖြစ်သည့် ဆန်ဘာနာဒိုသို့ ပြန်လည်ယူဆောင်လာခြင်း ဖြစ်သည်။

မမ်မီရုပ်အလောင်းဖြစ်သွားကြသူများတွင် သေဆုံးချိန်၌မတူညီသော အသက်အရွယ်များအားလုံး ပါဝင်နေသည့်အပြင် အထူးတလည် ကျားမ အမျိုးအစားသို့မဟုတ် ခန္ဓာကိုယ်ပုံပန်းသွင်ပြင်ဖြင့်လည်း သတ် မှတ်ပိုင်းခြားနိုင်ခြင်းမရှိပေ။

လူအများစုကလည်း ယင်းဖြစ်စဉ်သည် မြှုပ်နှံသည့် အုတ်ဂူများပေါ်တွင်မူနေသည်ဟုလည်း ယူဆထား ကြသည်။“ဒီယူဆချက်ကိုလည်း ဆက်လက်စမ်းသပ်ဖို့ လိုအပ်နေပါတယ်”ဟု မနုဿဗေဒပညာရှင် ဒန်နီ ယယ်လာဘီတန်ကော့က ဆိုသည်။

Ref:AFP

Most Read

Most Recent