ပြည်ပအလုပ်အကိုင်အေဂျင်စီအချို့၏ ဓာတ်ပုံများ၊ လိုဂိုများကို အသုံးပြုပြီး  page  အသစ် ပြုလုပ်ကာ အလုပ်သွားရောက်လုပ်ကိုင်သူများထံမှ ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားနေ

ပြည်ပအလုပ်အကိုင်အေဂျင်စီအချို့၏ ဓာတ်ပုံများ၊ လိုဂိုများကို အသုံးပြုပြီး  page  အသစ် ပြုလုပ်ကာ အလုပ်သွားရောက်လုပ်ကိုင်သူများထံမှ ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားနေ
ပုံစာ-ကိုရီးယားနို်င်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇန်နဝါရီ ၃၁ ရက်က ရောက်ရှိခဲ့သည့် မြန်မာအလုပ်သမားများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကိုရီးယားနိုင်ငံဆိုင်ရာ မြန််မာသံရုံး Facebook)
ပုံစာ-ကိုရီးယားနို်င်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇန်နဝါရီ ၃၁ ရက်က ရောက်ရှိခဲ့သည့် မြန်မာအလုပ်သမားများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကိုရီးယားနိုင်ငံဆိုင်ရာ မြန််မာသံရုံး Facebook)
Published 18 May 2024

ပြည်ပအလုပ်အကိုင်အေဂျင်စီအချို့၏ ဓာတ်ပုံများ၊ လိုဂိုများကို အသုံးပြုပြီး  page အသစ် ပြုလုပ်ကာ အလုပ်သွားရောက်လုပ်ကိုင်သူများထံမှ ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားနေကြောင်း မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုအသင်းမှ အတွင်းရေးမှူး ဦးမြတ်သူက ပြောကြားသည်။

“ အေဂျင်စီနာမည်တွေနဲ့ page အတု တွေနဲ့ အလိမ်ခံနေရတဲ့ ကလေးတွေအများကြီး ပဲ။ တရားဝင်အေဂျင်စီတွေရဲ့ ဓာတ်ပုံတွေ၊ လိုဂိုတွေကိုယူတယ်။ ပြီးတော့ page အတုဖွင့် ပြီး လိမ်နေကြတာပေါ့။ ဖုန်းနံပါတ်တွေထည့် ထားတယ်။ ဖုန်းဆက်ကြည့်ရင်လည်း အလုပ် အကိုင်အေဂျင်စီလိုပဲ ဖြေကြတယ်။ အလုပ်အ တွက် ငွေလွှဲခိုင်းတာတွေလုပ်တယ်။ လွှဲပြီးတာ နဲ့ လိမ်သွားရောပဲ။ အခုအဲ့ဒီလိုဖြစ်နေတာတွေ အများကြီးပဲ” ဟု ဦးမြတ်သူက ပြောကြား သည်။

လိမ်လည်သူများကို အရေးယူမှုအပိုင်း တွင်မူ အားနည်းချက်များရှိနေသဖြင့် လိမ် လည်သူများမှာ ဆက်တိုက်ကျူးလွန်နေကြ သည်ဟု ဦးမြတ်သူက သုံးသပ်ပြောကြားသည်။

“ အခုလိုအဖြစ်အပျက်တွေက အရင်က တည်းက ဖြစ်နေတာတွေလည်းရှိတယ်။ အခု ပိုဆိုးလာတယ်လို့ ဆိုရမယ်။ ဝန်ကြီးဌာနဘက် ကလည်း အဲဒီလိုလိမ်တဲ့ page တွေကို လိုက်စုံ စမ်းအရေးယူဖို့လုပ်နေပေမယ့် လိမ်တာတွေ က ဆက်ရှိနေသေးတယ်” ဟု ဦးမြတ်သူက ဆက်လက်ပြောကြားသည်။

ယင်းကြောင့် ပြည်ပသို့အလုပ်သွား ရောက် လုပ်ကိုင်မည့်သူများအနေဖြင့် တရား ဝင်လိုင်စင်ရပြည်ပအလုပ်အကိုင်အေဂျင်စီ များနှင့် ဆက်သွယ်ကာ လုပ်ဆောင်စေလိုသည် ဟု ၎င်းကဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကိုရီးယား သို့ ရာသီချိန်လုပ်သားသွားရောက်လုပ်ကိုင်ခွင့်ရမည်ဟုဆိုကာ အမျိုးသမီးတစ်ဦးက လူ ၁၂၆ ဦးထံမှ ငွေကြေးများကိုလိမ်လည်ခြင်း ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံပိုင်သတင်းစာများတွင် ဒေါ်ချောစုလှိုင်ဆိုသူက ကိုရီးယား ရာသီချိန်လုပ်သားပို့ဆောင်ပေးမည်၊ ခုနစ် ရက်အတွင်း အမြန်ပို့ဆောင်ပေးမည်ဟုဆို ကာ သင်တန်းကျောင်းများရှိ သင်တန်းသား များထံမှ ငွေကြေးများရယူခဲ့သည်ဟု myint mo academy group ၏ ကြေညာချက် အရ သိရသည်။

ဒေါ်ချောစုလှိုင်က သင်တန်းသားများ ထံမှ တစ်ဦးလျှင် ကျပ် ၃၂ သိန်းဖြင့်လည်း ကောင်း၊ တစ်ဦးလျှင် ၂၇ သိန်းငါးသောင်းဖြင့် လည်းကောင်း ငွေကြေးများကို စာချုပ်ချုပ်ဆို ရယူခဲ့ကြောင်း၊ စုစုပေါင်းသင်တန်းသား ၁၂၆ ဦးထံမှ ငွေကြေးများရယူခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ဒေါ်ချောစုလှိုင်သည် စာချုပ်ချုပ်ဆို ထားသည့်အတိုင်း သင်တန်းသား ၁၂၆ ဦးကို ပြည်ပသို့ ပို့ဆောင်ပေးနိုင်ခြင်းမရှိသဖြင့် ရယူထားသည့်ငွေကြေးများကို ကြော်ငြာပါ သည့်နေ့မှစပြီး ခုနစ်ရက်အတွင်း ငွေကြေး များ ပြန်လည်ရှင်းပေးရန်နှင့် ရှင်းလင်းပေး ခြင်းမရှိပါက တရားဥပဒေအရ အရေးယူသွား မည်ဖြစ်ကြောင်း myint mo academy group  ၏ ကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် တရားဝင်လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၀၀ ကျော်ရှိ ပြီး ပြည်ပသို့ အလုပ်သမားများပို့ဆောင်လျက်  ရှိကြောင်း သိရသည်။

Most Read

Most Recent