မြန်မာ့အရေးတွင် ဦးစားပေးကိစ္စများအဖြစ် ယုံကြည်မှုတည်ဆောက်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် စေ့စပ်ဆွေးနွေးရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးတိုကို အားပေးရန်ဖြစ်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်နှင့် တွေ့ဆုံစဉ် ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ် ပြောကြား

မြန်မာ့အရေးတွင် ဦးစားပေးကိစ္စများအဖြစ် ယုံကြည်မှုတည်ဆောက်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် စေ့စပ်ဆွေးနွေးရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးတိုကို အားပေးရန်ဖြစ်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်နှင့် တွေ့ဆုံစဉ် ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ် ပြောကြား
Published 7 June 2024

ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်အမြဲတမ်းကိုယ်စားလှယ်ဖြစ်သော သံအမတ် Dang Hoang Giang သည် ဇွန် ၅ ရက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံအ ထူးသံတမန်ဂျူလီဘစ်ရှော့နှင့်တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် ကုလသမဂ္ဂ၊ အာဆီယံတို့ အနီးကပ်ပူးပေါင်း ဆောင်ရွက်ကာ ထိရောက်စွာ ဖြေရှင်းပေးရေး ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် ဂျူလီဘစ်ရှော့သည် နယူးယောက်မြို့ကို အလုပ် ကိစ္စဖြင့်လာရောက်ချိန်တွင် ဗီယက်နမ်သံအမတ်နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ခန့်အပ်ခံရသည့်အတွက် ဘစ်ရှော့ကို Dang Hoang Giang က ချီးကျူးခဲ့သည်။၎င်းင်း၏သံတမန်အတွေ့အကြုံများပြားမှု၊ မြန်မာနိုင်ငံ အကြောင်း နက်နက်ရှိုင်းရှိုင်းနားလည်မှုတို့ကြောင့် ဘစ်ရှော့သည်ပေးအပ်သောတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်မည်ဟုယုံ ကြည်ကြောင်း ဗီယက်နမ်သံအမတ်ကပြောကြားခဲ့သည်။

ယခုအချိန်တွင် ဦးစားပေးရမည့်ကိစ္စများမှာ ယုံကြည်မှုတည်ဆောက်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် စေ့စပ်ဆွေးနွေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတို့ကို အားပေးရန်ဖြစ်သည်ဟာ သံ အမတ် Giang က ပြောကြားခဲ့သည်။

ငြိမ်းချမ်းပြီး ခိုင်ခံသော ဖြေရှင်းနည်းများကိုရှာဖွေရန် ကြိုးပမ်းမှုများအတွက် အာ ဆီယံ၏ဘုံသဘောတူညီချက်ငါးရပ်သည် အရေးကြီးသောအခြေခံအဖြစ် ဆက်လက်ရှိနေသည်ဟု ၎င်းက အခိုင်အမာပြောကြားခဲ့သည်။

မြန်မာပြည်သူတို့၏ဆန္ဒ၊ ရည်မှန်းချက်များနှင့် အညီ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ ခိုင်မြဲရေး၊ ပြည်တွင်းရေးကိစ္စများတွင် ဝင်မစွက်ရေးတို့ အတွက် လေးစားရမည့်မူများဖြင့် အထူးသဖြင့် ကုလသမဂ္ဂနှင့်ဘစ်ရှော့တို့သည် အာဆီယံအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူး သံတမန်တို့နှင့်အတူ အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ဗီယက်နမ်သံအမတ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေးတို့ဖြစ်ထွန်းရန် မိမိအကောင်းဆုံးကြိုးစားသွားမည်ဟု ဘစ်ရှော့က ပြောကြားခဲ့သည်။ ယင်းလုပ်ငန်းစဉ်တွင် ကုလသမဂ္ဂသည် အာဆီယံ၏ဦးဆောင်မှု အခန်းကဏ္ဍ ကို ထောက်ခံသည်ဟု ဘစ်ရှော့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့်အာဆီယံတို့တွင် ဗီယက်နမ်၏ သဘောထားရပ်တည်ချက်ကိုသာမက အထူးသဖြင့် မြန်မာ့အရေးအတွက် ဗီယက်နမ်၏အပြုသဘောဆောင်သော ချဉ်းကပ်မှုကိုလည်း ကျေးဇူးတင်သည်ဟုပြော ကြားခဲ့သောဘစ်ရှော့က လက်တလော မြန်မာ့အရေးကို ဗီယက်နမ်က ဦးဆောင်သောကဏ္ဍမှ ဆက်လက်ဖြေရှင်းပေးသွားရန်မျှော်လင့် ကြောင်းပြောကြားခဲ့သည်။

Ref: Nhandan(Vietnam)

Most Read

Most Recent