ကန့်ဘလူမြို့နယ် ကျီကုန်းကျေးရွာအနီးရှိ တံတားတစ်စင်း မီးရှို့ဖျက်ဆီးခံရ

ကန့်ဘလူမြို့နယ် ကျီကုန်းကျေးရွာအနီးရှိ တံတားတစ်စင်း မီးရှို့ဖျက်ဆီးခံရ
မီးရှို့ဖျက်ဆီးခံရသည့်တံတားကို တွေ့ရစဉ် (ဓာတ်ပုံ- MPF)
မီးရှို့ဖျက်ဆီးခံရသည့်တံတားကို တွေ့ရစဉ် (ဓာတ်ပုံ- MPF)
Published 18 June 2024

ကန့်ဘလူမြို့နယ် ကျီကုန်းကျေးရွာအနီး ရှိ တံတားတစ်စင်း မီးရှို့ဖျက်ဆီးခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

၂၀၂၄ ခုနှစ် ဇွန် ၁၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျီကုန်းကျေးရွာအနီးရှိ တံတားတစ်စင်းအား PDF အဖွဲ့က မီးရှို့ဖျက် ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ် ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ယင်းနေ့  နံနက် ၂ နာရီတွင် ကျီကုန်းကျေးရွာ၏မြောက် ဘက် သုံးဖာလုံခန့်အကွာ ထန်းကုန်း-ကာဘိုး ကျေးရွာသွားကားလမ်းရှိ အလျား ပေ ၈၀၊ အ ကျယ် ၁၄ ပေရှိ သံပေါင်၊ သစ်သားခင်းတံတား သို့ PDF အဖွဲ့ အင်အား (စိစစ်ဆဲ)ရောက်ရှိ လာပြီး တံတား အား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် မီးလောင်မှုကြောင့် တံတား၏ကြမ်းခင်းသစ် သားပြားများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ပျက်စီးသွားသော တံ တားအား သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် တံတားအား မီးရှို့ဖျက်ဆီးခဲ့သူများအား အ ရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေး ချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဆက်လက်ဆောင်ရွက်နေကြောင်း သိရ သည်။