ပဲခူးမြို့ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၏ အန္တိမအဂ္ဂိစျာပနပူဇာ ကျင်းပ

ပဲခူးမြို့ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၏ အန္တိမအဂ္ဂိစျာပနပူဇာ ကျင်းပ
Published 27 June 2024

 

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယက၊ ရွှေကျင်နိကာယဂိုဏ်လုံးဝန် ဆောင်၊ ပဌမကျော်၊ သ.အ.စ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိ တ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အနေက ဂန္ထကာရက ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၏ အန္တိမအဂ္ဂိစျာပနပူဇာ ကို ဇွန် ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ကြီး ၏ အန္တိမအဂ္ဂိစျာပန သာဓုကီဠနပူဇာ ပထမပိုင်း စျာပနရေစက်ချခြင်း အစီအစဉ်အဖြစ် ကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် ပဓာန နာ ယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉေယျဓမ္မာ ဘိဝံသထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော် ကြီးများအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦး လွင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ၊ ဆရာ တော်ကြီး၏ ဆွေတော်မျိုးတော်များက လှူ ဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင် မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ ထံမှ   အနုမောဒနာတရားနှင့် ရေစက်ချတရား နာယူခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပန ပူဇာ ဒုတိယပိုင်းအဖြစ် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ရွတ်ဖတ်ခြင်း၊ သံဝေဂ ဂါထာများ ရွတ်ဖတ်ပူဇော်ခြင်း၊ ပစ္ဆိမဝန္ဒနာ ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ အစ္စယောမံ ဘန္တေ စသည့် အပြစ်ရှိက တောင်းပန်ခြင်း၊ အဘိယာစကနိမန္တနဂါထာရွတ်ဖတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် အခမ်းအနားအစီအစဉ် တတိယပိုင်းအဖြစ် ဆရာတော်ကြီး၏ ဥတုဇ ရုပ်ကလပ်တော်အား စံကျောင်းအတွင်း ကရ ၀ိက်ဖောင်တော်ပေါ်သို့ ဆရာတော်ကြီး၏ တပည့်သံဃာများက ဦးဆောင်ပင့်ဆောင်၍ မွန်းတည့် ၁၂ နာရီ၌ ဝင်းနိမ္မိတာရုံကျောင်း တိုက်မှ ကရဝိက်ဖော်တော်ဖြင့် ဆရာတော်ကြီး ၏ဥတုဇရုပ်ကလပ်တော်အား မီးပူဇော်မည့် ဆင်ဖြူကွင်းသုသာန်ရှိ ဆင်ဖြူကွင်း လောင် တိုက်တော်သို့ ပင့်ဆောင်ခဲ့သည်။

ယင်းနောက် ဆရာတော်ကြီး၏ ဥတုဇ ရုပ်ကလပ်တော်အား ကရဝိက်ဖော်တော်ပေါ် မှ လောင်တိုက်တော်သို့ ဝင်းနိမ္မိတာရုံသံဃာ တော်များက ပင့်ဆောင်ကာ လောင်တိုက် တော်ပေါ်သို့ ဆရာတော်ကြီး၏ဥတုဇရုပ်က လပ်တော် ရောက်ရှိချိန်တွင် တပည့်သံဃာ များ၊ ဒါယကာ၊ ဒါယိကာမများက နောက်ဆုံး ကန်တော့ပြီး တိုက်အုပ်ဆရာတော်က နမော တေ ပုရိသာဇည၊ နမောတေ ပုရိသုတ္တမ အစ ရှိသော ဂါထာကိုတိုင်၍ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်ကို မီးပူဇော်ခဲ့သည်။

ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ် တော်အား မီးပူဇော်ပြီးနောက် အရိုးပြာများ ကို ဇွန် ၂၈ ရက်တွင် စစ်တောင်းမြစ်အတွင်း ရေမျှောပူဇော်မည်ဖြစ်သည်။

ဝင်းနိမ္မိတာရုံ ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ဇွန် ၁၉ ရက်က မန္တ လေးတိုင်းဒေသကြီး၊ မြို့သာမြို့နှင့် ကမ္မရွာ အကြားတွင် ဆရာတော်ကြီး လိုက်ပါစီးနင်း လာသည့် မော်တော်ယာဉ် သေနတ်ဖြင့်ပစ် ခတ်ခံရမှုကြောင့် ဆရာတော်ကြီးသည် ဘဝ နတ်ထံ ပျံလွန်တော်မူခဲ့သည်။

ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ခြင်းနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်းနှင့် တောင်း ပန်အပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန် ၂၂ ရက်တွင် လျှောက်ထားလွှာ ပေးပို့ခဲ့ပြီး  ယင်းလျှောက်ထားလွှာကို ဇွန် ၂၄ ရက်တွင် ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့  ပြည် ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သွား ရောက်၍ ဆရာတော်ကြီးများအားတွေ့ဆုံ ကာ  ဖတ်ကြားလျှောက်ထားခဲ့သည်။

ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသသည် ၀ိနယာဓိက ပရိယတ္တိ ပဌမကျော်နှင့် နိုင်ငံတော်အစိုးရ ပဌမကျော်၊ ပရိယတ္တိသာသနာဟိတ (သကျသီဟ) ဓမ္မာ စရိယ၊ စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစက၊ သာသနဓဇ ဓမ္မာစရိယ၊ အင်္ဂုတ္တရ နိကာယပါဠိပါရဂူ၊ နိုင်ငံတော်အစိုးရ တိပိ ဋက ဒီဃဘာဏက၊ ပရိယတ္တိသာသနာဟိတ ဓရ  ဂုဏဝိသိဋ္ဌ၊ အနေကဂန္ထကာရက၊ အဂ္ဂမ ဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တော်များ ရရှိတော်မူခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယ က တာဝန်ကိုလည်း ရှစ်နှစ်ထမ်းဆောင်ခဲ့ကာ  ပျံလွန်တော်မူချိန်တွင် ဆရာတော်ကြီးသည် သက်တော် ၇၈ နှစ်၊ ၀ါတော် ၅၈ ၀ါရှိပြီဖြစ် သည်။

Most Read

Most Recent