ပြည်သူ့စစ်မှုထမ်းအမှတ်(၁) သင်တန်းကာလပြီးဆုံးပြီဖြစ်သဖြင့် သင်တန်းဆင်းပွဲများ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ သင်တန်းကျောင်းများတွင် ကျင်းပ

ပြည်သူ့စစ်မှုထမ်းအမှတ်(၁) သင်တန်းကာလပြီးဆုံးပြီဖြစ်သဖြင့် သင်တန်းဆင်းပွဲများ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ သင်တန်းကျောင်းများတွင် ကျင်းပ
Published 28 June 2024

ပြည်သူ့စစ်မှုထမ်းအမှတ်() သင်တန်းကာလပြီးဆုံးပြီဖြစ်သဖြင့် သင်တန်းဆင်းပွဲများကို ဇွန်လ ၂၈ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းသင်တန်းဆင်းပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် ()သင်တန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ ၂၀၂၄ ခုနှစ် ဧပြီ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယခုသင်တန်းပြီးမြောက်ခဲ့သူများသည် ၎င်းင်းတို့၏ ဒေသအသီးသီးတွင် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့် နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေအား အသက်ဝင်စေခဲ့ကာ မတ် ရက်မှစ၍  ပြည်သူ့စစ်မှု ထမ်း သင်တန်းအမှတ်စဉ်()တွင် တက်ရောက်ရန်အတွက်ဆင့်ခေါ်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူငယ်များအနေဖြင့် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယခင်ထုတ်ပြန်ထားမှုအရ သိရသည်။

ပြည်သူ့စစ်မှုထမ်းဆောင်မည့် ပထမဦးဆုံးအသုတ်သည် ၎င်းင်းတို့ကိုယ်တိုင်ဆန္ဒပြုထားသော Volunteer များ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၇ ရက်က ပြောကြားထားသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်()အထိဖွင့်လှစ်ထားပြီး ပြည် သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် () သင်တန်းကို တိုင်းစစ်ဌာနချုပ်အသီးသီးတွင် မေ ၁၄ ရက်က ဖွင့်လှစ်သည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် () သင်တန်းဖွင့်ပွဲများကို ဇွန် ၂၅ ရက်က တိုင်းစစ်ဌာနချုပ်အသီးသီး၌ ဖွင့်လှစ်ခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှတ်စဉ်တစ်ခုတွင် သင်တန်းသား ၅၀၀၀ ခေါ်ယူမည်ဖြစ်ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။

ယခုဖွင့်လှစ်လျက်ရှိသည့် ပြည်သူ့ စစ်မှုထမ်းသင်တန်းများနှင့်ပတ်သက်၍ သတ်မှတ်ချက်များသည် ထွက်ပေါ်လာမည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင်ပါရှိလာမည့် ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်နေခြင်း ဖြစ် သည်ဟုလည်းသိရသည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေသည် စတုတ္ထမူကြမ်းအဆင့်ကို ထပ်မံရေးဆွဲနေပြီး ပြည် ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားထားသည်။

တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည် သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် နိုင် ငံသား/ဧည့်နိုင်ငံသား/ပြုနိုင်ငံသားမဟုတ်သူများကို ပြည်သူ့စစ်မှုထမ်းရွေးချယ်ခြင်းမပြုရန်လိုအပ်ကြောင်း၊ ယခင်ဖွင့်လှစ်ပြီးခဲ့သည့် သင်တန်းများ၏ အားနည်းချက်/ အားသာချက်များအား သုံးသပ်ပြီးနောင်ဖွင့်လှစ် မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းများအတွက်  သတ်မှတ်လျာထားချက်များအတိုင်းပြည့်မီရေး အလေးထားကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြား ထားသည်။

ထို့ပြင်ယခင်ဖွင့်လှစ်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းအပတ်စဉ်များအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် လာရောက်ရန် ပျက်ကွက်သူအားလုံးကို တည်ဆဲဥပဒေနှင့်အညီဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားထားသည်။

Most Read

Most Recent