စားအုန်းဆီစျေးနှုန်း ပြင်ပပေါက်စျေးတွင် တစ်ပိဿာ ကျပ်တစ်သောင်းနှစ်ထောင်ကျော်သို့ ရောက်ရှိနေ

စားအုန်းဆီစျေးနှုန်း ပြင်ပပေါက်စျေးတွင် တစ်ပိဿာ ကျပ်တစ်သောင်းနှစ်ထောင်ကျော်သို့ ရောက်ရှိနေ
Published 20 June 2024

စားအုန်းဆီစျေးနှုန်း ပြင်ပပေါက်စျေး တွင် တစ်ပိဿာ ကျပ်တစ်သောင်းနှစ်ထောင် ကျော်သို့ ရောက်ရှိနေကြောင်း စားအုန်းဆီ သုံးစွဲသူများထံမှ သိရသည်။

ဇွန်လလယ်ပိုင်းမှ စတင်ပြီး စားအုန်းဆီ စျေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရ သည်။

“လ အလယ်ပိုင်းလောက်ကစပြီး တက်လာတာ။ အရင်က ၇၀၀၀ လောက်ပဲရှိပေမဲ့  လ လယ်ပိုင်းမှ ၉၀၀၀ နဲ့ ၁၀၀၀၀ ကြားကို ရောက် လာတယ်။ အခုတော့ ၁၂၀၀၀ ကျော်ကို ရောက်နေတယ်” ဟု လသာမြို့နယ်တွင် နေ ထိုင်သူတစ်ဦးက ပြောကြားသည်။

စျေးနှုန်းများ မြင့်တက်နေသော်လည်း လက်ရှိတွင် အချို့နေရာများတွင် စားအုန်းဆီ များ ဝယ်မရကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် နေထိုင်သူများထံမှ သိရ သည်။

“ကျွန်မတို့ဘက်မှာတော့ ဆီကဝယ်မရ ဘူး။ ဒီနေ့မရရင် နောက်နေ့မှရတယ်။ တစ် ရက်ခြားတစ်ခါလောက်ဖြစ်နေတဲ့သဘောပဲ” ဟု အရှေ့ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းက မြို့နယ်ခွဲတမ်းအလိုက် ရောင်းချပေးလျက်ရှိသည့် ကိုယ်စားလှယ်များ ထံတွင် တစ်ဦးလျှင် ငါးဆယ်ကျပ်သားစီရောင်း ချပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းရှိ မြို့နယ်အချို့တွင် စားအုန်း ဆီဖြန့်ဖြူးရောင်းချသူအချို့သည် သတ်မှတ် ရည်ညွှန်းစျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူစရိတ်များအပြင် အမြတ်ရာခိုင်နှုန်း မြင့်မားစွာ ထပ်ဆောင်းရောင်းချမှုများရှိ ကြောင်း စားသုံးသူရေးရာဦးစီးဌာနက မေ ၈ ရက်က ထုတ်ပြန်ထားသည်။

 

ယင်းကြောင့် ပြည်တွင်းစျေးကွက်အ တွင်း စားအုန်းဆီများကို ၀ိသမလောဘဖြင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအ ဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါ က အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်သည် ဟု စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန် ထားသည်။

ထို့ပြင် စားအုန်းဆီကို သယ်ယူပို့ဆောင် စရိတ်နှင့် အမြတ်နှစ်-ရာခိုင်နှုန်းသာတင်ပြီး ရောင်းချရန်နှင့် အခြားဆီများ ရောနှောရောင်း ချခြင်းမပြုရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းကလည်း ထုတ်ပြန် သည်။

လက်ရှိစျေးကွက်အတွင်း ရန်ကုန်တိုင်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အ သီးသီးရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသူ အချို့သည် အပတ်စဉ် သတ်မှတ်ရည်ညွှန်း စျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့်သယ်ယူ စရိတ်များအပြင် အမြတ်ရာခိုင်နှုန်းမြင့်မား စွာ ထပ်ဆောင်းရောင်းချမှုများ ရှိနေသည်ကို  သိရှိရသည်ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့်  ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စား အုန်းဆီ ဖြန့်ဖြူးရောင်းချသူများအနေဖြင့် အပတ်စဉ် သတ်မှတ်ရည်ညွှန်းစျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူစရိတ်နှင့် အမြတ် နှစ်-ရာခိုင်နှုန်းသာ ထပ်ဆောင်း ရောင်းချကြရန်၊ စျေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောရည်ရွယ်ချက်ဖြင့် အ ခြားဆီများနှင့် ရောနှောရောင်းချခြင်းများ  မပြုလုပ်ကြရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့ သည်။

ထို့ပြင် စက်မှုလုပ်ငန်းသုံးအတွက် ဝယ် ယူတင်သွင်းလာသော စားအုန်းဆီများကို ဝယ်ယူသုံးစွဲသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများတွင်သာ အမှန်တကယ် သုံးစွဲကြရန်နှင့် ပြင်ပသို့ပြန်လည်ရောင်းချ ခြင်းမပြုလုပ်ရန် အလေးအနက်ထား တိုက် တွန်းအသိပေးကြောင်း ဆီလုပ်ငန်းရှင်များအ သင်းက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်းအနေဖြင့် ပြည်တွင်းစားသုံး ဆီ ဖူလုံစေရေးနှင့် ကျန်းမာရေးနှင့် ညီညွတ် သော စားသုံးဆီများ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အသင်းအဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု အသင်းက ထုတ်ပြန်ထားသည်။

ယခုအပတ်အတွင်း ရန်ကုန်အထိုင်စျေး စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅၃၇၀ ဖြစ်ပြီး ယခင်တစ်ပတ်ထက် ငါးကျပ်သာ တိုး မြှင့်သတ်မှတ်ကြောင်း သိရသည်။         

 

Most Read

Most Recent