တရုတ်ကွန်မြူနစ်ပါတီက ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို ပါတီအတွင်းမှ ထုတ်ပယ်

တရုတ်ကွန်မြူနစ်ပါတီက ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို ပါတီအတွင်းမှ ထုတ်ပယ်
၂၀၂၃ ခုနှစ် ဇွန် ၄ ရက်က စင်ကာပူတွင်ပြုလုပ်သည့် အကြိမ် ၂၀ မြောက် ရှန်ဂရီလာဆွေးနွေးပွဲအတွင်း မိန့်ခွန်းမပြောကြားမီ အလေးပြုနေသည့် တရုတ်ကာကွယ်ရေးဝန်ကြီးလီရှန်ဖူကို တွေ့ရစဉ်(Photo:AFP)
၂၀၂၃ ခုနှစ် ဇွန် ၄ ရက်က စင်ကာပူတွင်ပြုလုပ်သည့် အကြိမ် ၂၀ မြောက် ရှန်ဂရီလာဆွေးနွေးပွဲအတွင်း မိန့်ခွန်းမပြောကြားမီ အလေးပြုနေသည့် တရုတ်ကာကွယ်ရေးဝန်ကြီးလီရှန်ဖူကို တွေ့ရစဉ်(Photo:AFP)
Published 28 June 2024

တရုတ်ကွန်မြူနစ်ပါတီသည် ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးဖြစ်သည့် လီရှန်ဖူနှင့် ဝှေ့ဖန့်ခူတို့အား စည်းကမ်းချိုးဖောက်မှုများဖြင့် ပါတီအတွင်းမှ ထုတ်ပယ်ခဲ့ကြောင်း  နိုင်ငံပိုင်စင်ဟွာသတင်းအေဂျင်စီက ဖော်ပြ ခဲ့သည်။

လီသည် ငွေကြေးပမာဏအများအပြား လာဘ်ပေး၊ လာဘ်ယူရှိခဲ့ကြောင်း သံသယရှိခံထားရသည်။

သူသည် နိုင်ငံရေးတာဝန်ဝတ္တရားများကို ကျေပွန်ခဲ့ခြင်းမရှိဘဲ သူ့ကိုယ်ကျိုးနှင့် အခြားသူများ၏ အကျိုးများ အတွက်ကိုသာ လုပ်ဆောင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ညွှန်ကြားခဲ့သည့် ကွန်မြူနစ်ပါတီ၏ ဗဟို ကော်မတီကို ကိုးကားပြီး စင်ဟွာသတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ပါတီနှင့် စစ်တပ်၏ ထိပ်သီးကေဒါတစ်ဦးဖြစ်သည့် လီရှန်ဖူသည် ၎င်း၏မူ လတာဝန်ကို သစ္စာမဲ့ခြင်း၊ ပါတီဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင်တို့၏ ယုံကြည်မှုကို သစ္စာဖောက်ခြင်းတို့ရှိခဲ့ပြီး ပါတီနှင့် အမျိုးသားကာကွယ်ရေးကို ကြီးကြီးမားမားထိခိုက်စေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လီသည် စစ်ဘက်ဆိုင်ရာ  လိုအပ်သည့် ပစ္စည်းများဝယ်ယူမှုတွင် အကျင့်ပျက်ခြစားမှု သံသယဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရကြောင်း ပြီးခဲ့သည့်နှစ်က ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

သူသည် ကာကွယ်ရေးဝန်ကြီးရာထူးကို ရယူခဲ့ပြီး ခုနစ်လအကြာဖြစ်သည့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အကြောင်းပြချက်မရှိဘဲ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

လီသည် စုံစမ်းစစ်ဆေးခံနေရကြောင်းနှင့် ၎င်း၏ ရာဝတ်မှုသဘောသဘာဝ အသေးစိတ်အချက်အလက်များကို တရုတ်က လူသိရှင်ကြားအတည်ပြုမှုသည် ပထမဆုံးအကြိမ် ဖြစ်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဗိုလ်ချုပ်ကြီး ၁၁ ဦးနှင့် လေကြောင်းအာကာသ ကာကွယ်ရေးလုပ်ငန်း အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့သည်  အမျိုးသားဥပဒေပြုရေးအဖွဲ့မှ ဖယ်ရှားခံခဲ့ရမှုနှင့်အတူ ပြီးခဲ့သည့်နှစ်ကစပြီး တရုတ်စစ်တပ်သည် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးပြုလုပ်ခဲ့ပြီး ရာထူးမှ ထုတ်ပယ်မှုများပြုလုပ်ခဲ့သည်။

လီမတိုင်မီ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝှေ့သည် ပြီးခဲ့ သည့်နှစ် မတ်လက အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းမှုအတွင်း ရာထူးမှ အစားထိုးခံခဲ့ရပြီးကတည်းက လူထုမြင်ကွင်းမှ ပျောက်ကွယ်နေ ခဲ့သည်။

သူသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ PLA ၏ ဒုံးကျည်တပ်ဖွဲ့အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

တရုတ်၏ စစ်ဦးစီးချုပ်ဖြစ်သည့် သမ္မတရှီကျင်းပင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ဒုံးကျည်တပ်ဖွဲ့အတွက် အကြီးအကဲသစ်တစ်ဦးကို ခန့်အပ်ခဲ့သည်။

ယခုနှစ်မေလက တရုတ်ထိပ်သီးအရာရှိတစ်ဦး၏ စျာပနကို ဝှေ့၏ အမည်တပ်ထားသည့် လွမ်းသူပန်းခွေတစ်ခုရောက်ရှိလာကြောင်း  သတင်းစာက ပြီးခဲ့သည့်လတွင် ဖော်ပြခဲ့သဖြင့် သူသည် နိုင်ငံရေးအရ ဘေးကင်းလုံခြုံသည့်အခြေအနေရှိနိုင်သည်ဟု ယူဆခံခဲ့ရသည်။

မည်သို့ပင်ဆိုစေ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ပြုလုပ်ခဲ့သည့် စုုံစမ်းစစ်ဆေးမှုတွင် ဝှေ့သည် ကိုယ်ကျိုးအတွက် လာဘ်ငွေအများအပြားလက်ခံရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု စင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။                 

Ref:Reuters

Most Read

Most Recent