ထိုင်ဝမ် လွတ်လပ်ရေးကို အင်အားသုံးပြီးတားဆီးရန် တရုတ်စစ်တပ်က အဆင်သင့်ပြင်ထားကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး သတိပေး

ထိုင်ဝမ် လွတ်လပ်ရေးကို အင်အားသုံးပြီးတားဆီးရန် တရုတ်စစ်တပ်က အဆင်သင့်ပြင်ထားကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး သတိပေး
Published 2 June 2024
Ref: AFP

ထိုင်ဝမ် လွတ်လပ်ရေးကို အင်အားသုံးပြီးတားဆီးရန် တရုတ်စစ်တပ်က အဆင်သင့်ပြင်ထားကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး တုံးကျန်းက ဇွန် ၂ ရက်တွင် သတိပေး ခဲ့ပြီး အမေရိကန်နှင့် ထိတွေ့ဆက်ဆံမှုများ ကို ပိုမိုပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

စင်ကာပူနိုင်ငံတွင် အမေရိကန်နှင့် တရုတ်ကာကွယ်ရေး ဝန်ကြီးများအကြား ၁၈ လအတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ပြီးနောက် နှစ် စဉ်ပြုလုပ်လေ့ရှိသည့် ရှန်ဂရီလာဆွေးနွေးပွဲ တွင် တုံးက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ် သည်။

“ကျွန်တော်တို့ဟာ ဖလှယ်မှုတွေနဲ့ ပူး ပေါင်းဆောင်ရွက်မှုတွေကို လမ်းဖွင့်ထားခဲ့ ပါတယ်။ ဒါပေမယ့်တစ်ဖက်နဲ့တစ်ဖက် သတ် မှတ်ချက်တွကို သဘောတူညီဖို့ လိုအပ်ပါ တယ်” ဟု တုံးက မေ ၃၁ ရက်က အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် သီးသန့်တွေ့ဆုံခဲ့သည့် ရှန်ဂရီလာ ဆွေးနွေး ပွဲတွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံ စစ်တပ်များအကြား မတူညီမှု များရှိနေသဖြင့် ထိတွေ့ဆက်ဆံမှုများကို ပိုမို တိကျသေချာစွာ လုပ်ဆောင်ရန်လိုအပ်သည် ဟု မိမိတို့ ယူဆကြောင်း တုံးက ပြောသည်။

တုံးနှင့် အော်စတင်တို့သည် ဆွေးနွေးပွဲ  လက်ခံကျင်းပနေသည့် ရှန်ဂရီလာဟိုတယ် တွင် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ကြခြင်းဖြစ် သည်။  ကမ္ဘာတစ်ဝန်းမှ ကာကွယ်ရေးအရာ ရှိများ တက်ရောက်ခဲ့သည့် ထိုရှန်ဂရီလာ ဆွေးနွေးပွဲသည် မကြာသေးမီနှစ်များအတွင်း အမေရိကန်-တရုတ်ဆက်ဆံရေးကို တိုင်းတာ သည့် ယန္တရားတစ်ခုဖြစ်ခဲ့သည်။

အစည်းအဝေးအပြီးတွင် အော်စတင်က အမေရိကန်နှင့် တရုတ်စစ်တပ် တပ်မှူးများ အကြား တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆို မှုများကို မကြာမီလများအတွင်း ပြန်လည်စ တင်သွားမည်ဟု ပြောကြားခဲ့ပြီး တရုတ်အစိုး ရကလည်း နှစ်နိုင်ငံအကြား တည်ငြိမ်မှုရှိ သည့်လုံခြုံရေးဆက်ဆံရေးများကို ကြိုဆိုဂုဏ် ပြုခဲ့သည်။

ထိုင်ဝမ်တွင် သမ္မတ လိုင်ချင်တယ်၏ ကျမ်းသစ္စာကျိန်ဆိုမှုအပြီးတွင် တရုတ်က ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာ တွင် ရှန်ဂရီလာဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။

တရုတ်သည် ထိုင်ဝမ်သမ္မတသစ်လိုင် ကို အန္တရာယ်များသည့် ခွဲထွက်ဝါဒီတစ်ဦးအ ဖြစ် သတ်မှတ်ထားသည်။

“တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်ဟာ အမိမြေ ပြန်လည်ပေါင်းစည်းရေး ကို ကာကွယ်ရာမှာ အကြမ်းခံပြီး အစွမ်းထက် တဲ့ တပ်ဖွဲ့အဖြစ် အမြဲတမ်းရှိနေခဲ့ပါတယ်။ ပြီးတော့ ထိုင်ဝမ်လွတ်လပ်ရေးကို တားဆီးဖို့ နဲ့ ထိုင်ဝမ်ရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ဘယ်တော့မှ အောင်မြင်ခြင်းမရှိစေဖို့အတွက် ပြတ်ပြတ်သားသားနဲ့ အင်အားသုံးပြီး လုပ် ဆောင်သွားမှာဖြစ်တယ်”ဟု တုံးက ဇွန် ၂ ရက်တွင် ရှန်ဂရီလာဖိုရမ်၌ ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို တရုတ်ထံမှ ကွဲထွက်စေရန် လုပ်ဆောင်သည့်မည်သူမဆိုသည် တစ်စစီ ချေမှုန်းခံရမည်ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများကို ခံစားရလိမ့်မည်ဟုလည်း တုံးက ပြေကြားခဲ့ သည်။

ထို့ပြင် ဖိလစ်ပိုင်နှင့် မကြာခဏထိပ် တိုက်တွေ့နေသည့် တောင်တရုတ်ပင်လယ် တွင်လည်း တရုတ်၏ သည်းခံမှုကို ကန့်သတ် ချုပ်ချယ်မှုများနှင့်ပတ်သက်ပြီး တုံးက သတိ ပေးခဲ့သည်။

                                             

 

Most Read

Most Recent