ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ် ဝင်ရောက်ခဲ့သဖြင့် လူ ၁၀ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ် ဝင်ရောက်ခဲ့သဖြင့် လူ ၁၀ ဦးထက်မနည်း သေဆုံး
မေ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါတူအာခါလီဒေသတွင် ဆိုင်ကလုန်းမုန်တိုင်းရီမယ်လ် ဝင်ရောက်မှုကြောင့် မြေပြိုမှုဖြစ်ပွားကာ နေအိမ်များ ပျက်စီးနေပုံကိုတွေ့ရစဉ် - Photo: AFP
မေ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါတူအာခါလီဒေသတွင် ဆိုင်ကလုန်းမုန်တိုင်းရီမယ်လ် ဝင်ရောက်မှုကြောင့် မြေပြိုမှုဖြစ်ပွားကာ နေအိမ်များ ပျက်စီးနေပုံကိုတွေ့ရစဉ် - Photo: AFP
Published 27 May 2024



ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ၏ မြေနိမ့်ပိုင်းဒေသများဆီသို့ ဆိုင်ကလုန်းမုန်တိုင်းရီမယ်လ် ဝင်ရောက်တိုက်ခတ်ခဲ့သည့်အတွက် လူ ၁၀ ဦးထက်မနည်း သေဆုံးကာ အိမ်ခြေထောင်နှင့်ချီ ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မှ အားကောင်းသော မုန်တိုင်းအဖြစ် အားပျော့သွားပြီဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့မှ ဒေသခံများသည် အပျက်အစီးများကို ခန့်မှန်းတွက်ချက်မှုများ လုပ်ဆောင်နေပြီဖြစ် သည်။

မေ ၂၆ ရက်ညပိုင်းက ဆိုင်ကလုန်းမုန် တိုင်းအရှိန်ကြောင့် ကမ်းရိုးတန်းတစ်လျှောက် တွင် ကြောက်မက်ဖွယ် လေပြင်းတိုက်ခတ်မှု နှင့် လှိုင်းထန်မှုများ ဖြစ်ပွားခဲ့ကာ မြေပြိုမှုဖြစ် ပွားခဲ့သည်။

မေ ၂၇ ရက် မွန်းလွဲပိုင်းတွင် အဆိုပါမုန်တိုင်းသည် အားပျော့သွားသော်လည်း လေပြင်းတိုက်မှုနှင့် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ ဒေသခံများသည် နေအိမ်အပျက်အစီးများကြားတွင် ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။

မုန်တိုင်းဒီရေကြောင့် ကျေးရွာများ ရေ ဖုံးလွှမ်းခံခဲ့ရပြီး နေအိမ်များ အမိုးလန်ပျက်စီး ကာ သစ်ပင်များ အမြစ်ကကျွတ်ထွက်ပြီး ဓာတ်အားလိုင်း ပြတ်တောက်မှုများလည်းဖြစ် ပွားခဲ့သည်ဟု မုန်တိုင်းသင့်ဒေသတွင် သွား ရောက်သတင်းယူနေသည့် AFP သတင်း ထောက်တစ်ဦးက ဆိုသည်။

“ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့်  ဆက်လက်မိုးသည်းထန်နေပြီး လေတိုက်နှုန်း ပြင်းထန်နေဆဲဖြစ်တယ်”ဟု လူခုနစ်ဦးသေ ဆုံးခဲ့သည့် ဘာရီဆာခရိုင် အုပ်ချုပ်ရေးမှူး ရှိုးကက်အလီက ဆိုသည်။

“အများစုဟာ နေအိမ်ပြိုခြင်းနဲ့ နံရံပြိုကျ ခြင်းတို့ကြောင့် သေဆုံးခဲ့တာဖြစ်တယ်”ဟု လည်း ၎င်းက AFP သတင်းဌာနကို ပြောကြား ခဲ့သည်။

နောက်ထပ်သေဆုံးသူ သုံးဦးမှာ အ နီးဝန်းကျင် ခရိုင်များမှဖြစ်ပြီး ရေနစ်သေဆုံး သူလည်း ပါဝင်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ဘင်္ဂ လားဒေ့ရှ်တွင် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ကြောင့် လူသိန်းနှင့်ချီ သေဆုံးခဲ့ပြီး လူနေသိပ် သည်းသော ကမ်းရိုးတန်းဒေသများတွင် အင် အားပြင်းမုန်တိုင်း ဝင်ရောက်သည့် အကြိမ် ရေမှာလည်း ရာသီဥတုပြောင်းလဲမှုကြောင့် သိသိသာသာ တိုးလာခဲ့သည်ဟု သိရသည်။

ခူလန်ခရိုင်တွင် လူနှစ်ဦးသေဆုံးခဲ့သည် ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဟီလာမာမွတ်က AFP သို့ ပြောကြားခဲ့သည်။

“အဲဒီဒေသမှာ အိမ်ခြေ ၁၂၃,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီထဲက အိမ်ခြေ ၃၁,၀၀၀ လောက်ဟာ လုံးလုံးလျားလျားပျက် စီးသွားတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ်၏ အမြင့် ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၁၁ ကီလိုမီတာရှိကြောင်း ဘင်္ဂလားဒေ့ရှ်မိုးလေဝ သဌာနမှ အကြီးတန်း မိုးလေဝသပညာရှင် မိုဟာမက် အဘူကာလမ်မာလစ်က ပြောကြား ခဲ့သည်။

ရာသီဥတုပြောင်းလဲမှုသည် မုန်တိုင်း များ ပိုမိုဖြစ်ပေါ်လာအောင် လှုံ့ဆော်နေသည် ဟု သိပ္ပံပညာရှင်များက ပြောဆိုထားသော် လည်း ပိုမိုတိကျကောင်းမွန်သည့် မိုးလေဝသ ခန့်မှန်းချက်များနှင့် ပိုမိုထိရောက်သည့် ရွှေ့ ပြောင်းကယ်ဆယ်ရေး အစီအမံများကြောင့် သေဆုံးသူအရေအတွက်ကို သိသိသာသာ လျှော့ချနိုင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်း အိန္ဒိယ တို့တွင် လူတစ်သန်းဝန်းကျင် အန္တရာယ်ရှိ လှိုင်းဒဏ်မှကင်းလွတ်သည့် ကုန်းတွင်းပိုင်းမှ မုန်တိုင်းဒဏ်ခံ အဆောက်အအုံများဆီသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ၏ ကမ်းရိုးတန်းဧရိယာအများစုသည် ပင် လယ်ရေမျက်နှာပြင်ထက် တစ်မီတာ သို့မ ဟုတ် နှစ်မီတာခန့်သာ ပိုမြင့်သည်။

Ref: AFP

Photo: AFP

         

 



Most Read

Most Recent