ရှန်ဂရီလာဆွေးနွေးပွဲ၌ အမေရိကန်-တရုတ် ဆက်ဆံရေးနှင့် တောင်တရုတ်ပင်လယ် အရေးတို့က လွှမ်းမိုးထားဖွယ်ရှိ

ရှန်ဂရီလာဆွေးနွေးပွဲ၌ အမေရိကန်-တရုတ် ဆက်ဆံရေးနှင့် တောင်တရုတ်ပင်လယ် အရေးတို့က လွှမ်းမိုးထားဖွယ်ရှိ
Photo: Reuters
Photo: Reuters
Published 30 May 2024

ယခုသီတင်းပတ်အတွင်း ကျင်းပမည့် အာရှ၏ ထိပ်တန်းလုံခြုံရေးဆိုင်ရာ အစည်းအဝေးဖြစ်သည့် ရှန်ဂရီလာဆွေးနွေးပွဲတွင် အမေရိကန်-တရုတ်ဆက်ဆံရေး၊ ယူကရိန်းနှင့်ဂါဇာတွင် ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် တောင်တရုတ်ပင်လယ်တင်းမာမှုများနှင့်ပတ်သက်၍ အဓိကဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းမှ ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူများ၊ အဆင့်မြင့်စစ်တပ်အရာရှိများ၊ သံတမန်များ၊ စစ်လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့်စစ်ရေးလေ့လာသုံးသပ်သူများကို ဆွဲဆောင်ထား သည့် ရှန်ဂရီလာဆွေးနွေးပွဲကို မေ ၃၁ ရက်မှ ဇွန် ၂ ရက်အထိ စင်ကာပူတွင်ကျင်းပမည် ဖြစ်သည်။

ယခုနှစ် အစည်းအဝေးကို နိုင်ငံပေါင်း ၅၀ နီးပါးမှ ကိုယ်စားလှယ် ၆၀၀ ခန့် တက်ရောက်မည်ဖြစ်ကာ အစည်းအဝေးအဖွင့်မိန့်ခွန်းကို ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောကြားမည်ဖြစ်သည်။ ရှန်ဂရီလာ ဆွေးနွေးပွဲသည် မျက်နှာစုံညီ အစည်းအဝေးများနှင့် သက်ဆိုင်ရာနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၏ မိန့်ခွန်းပြောကြားမှုအပြင် နှစ်နိုင်ငံ သို့မဟုတ် နိုင်ငံအများအပြား၏ စစ်တပ်အချင်းချင်း ဆွေးနွေးမှုများပြုလုပ်နိုင်သည့် အရေးပါသော အစည်းအဝေးဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

 ရုရှားနိုင်ငံက ယင်းအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ဘဲ အစ္စရေးကလည်း တက်ရောက်မည်မဟုတ်ပေ။

Ref: Reuters

Most Read

Most Recent