အမေရိကန်နှင့် ရုရှားအကြား သမိုင်းဝင်အကျဉ်းသားလဲလှယ်မှုသည် ရုရှားသမ္မတပူတင်အတွက် အောင်ပွဲတစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် ပြောကြား

အမေရိကန်နှင့် ရုရှားအကြား သမိုင်းဝင်အကျဉ်းသားလဲလှယ်မှုသည် ရုရှားသမ္မတပူတင်အတွက် အောင်ပွဲတစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် ပြောကြား
ဇူလိုင် ၃၁  ရက်က ပန်ဆယ်ဗေးနီးယားပြည်နယ် ဟာရစ်ဘတ်ချ်မြို့တွင်ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် မိန့်ခွန်းပြောနေသည့် ထရန့်ကို တွေ့ရစဉ်(Photo: AFP)
ဇူလိုင် ၃၁  ရက်က ပန်ဆယ်ဗေးနီးယားပြည်နယ် ဟာရစ်ဘတ်ချ်မြို့တွင်ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် မိန့်ခွန်းပြောနေသည့် ထရန့်ကို တွေ့ရစဉ်(Photo: AFP)
Published 3 August 2024

အမေရိကန်နှင့် ရုရှားအကြား သမိုင်းဝင်အကျဉ်းသားလဲလှယ်မှုသည် ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် အောင်ပွဲတစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က သြဂုတ် ၂ ရက်တွင်ပြောကြားခဲ့ပြီး အကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်၏ အသေးစိတ်အချက်အလက်များနှင့်ပတ်သက်ပြီး အခြေအမြစ်မရှိသည့် ထင်ကြေးပေးမှုများကို ဆက်လက်ပြောဆိုခဲ့သည်။

Wall Street Journal သတင်းထောက်  အီဗန်ဂါရှ်ကိုဗစ်ချ်၊ အခြားအမေရိကန်နိုင်ငံသားနှစ်ဦးနှင့် အမေရိကန်တွင်အမြဲတမ်းနေ ထိုင်ခွင့်ရရှိထားသူတစ်ဦးသည် အကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်အရ ရုရှားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး အမေရိကန်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

နိုဝင်ဘာလတွင်ပြုလုပ်မည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းဖြစ်သည့် ထရန့်သည် Fox သတင်းဌာနနှင့်  အင်တာဗျူးပြုလုပ်ချိန်တွင် အကျဉ်းသားလဲ လှယ်ရေးသဘောတူညီချက်ရရှိအောင် လုပ်ဆောင်ခဲ့သည့် သမ္မတဂျိုးဘိုင်ဒင်၏ အောင်မြင်မှုကို မှေးမှန်စေရန် ကြိုးပမ်းသည့်အနေဖြင့် ထိုအကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်သည် အမေရိကန်နိုင်ငံအတွက် သ တင်းဆိုးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုသဘောတူညီမှုတွင်  ရုရှားဘက်ကအသာစီးရခဲ့ကြောင်း၊ ထိုဖြစ်စဉ်သည် နောင်တွင်ဥပမာယူရမည့် ဆိုးရွားသည့်ဥပမာတစ်ခုဖြစ်ကြောင်းနှင့် အကျဉ်းသားလဲလှယ်မှုသည် ပူတင်အတွက်အောင်ပွဲတစ်ခုဖြစ် ကြောင်းထရန့်က ပြောကြားခဲ့သည်။

ဂါရှ်ကိုဗစ်၊ မရိန်းစစ်သားဟောင်း ပေါလ်ဝီလန်နှင့် ရုရှား-အမေရိကန် ဂျာနယ်လစ်အယ်လ်ဆူ ကူရ်မာရှီဗာနှင့် အမေရိကန်တွင်အမြဲတမ်းနေထိုင်ခွင့်ရရှိထားသည့် ဗလာဒီမာ ကာရာမူဇာတို့သည် ရုရှားမှပြန်လွှတ်ပေးခဲ့သည့် အကျဉ်းသား ၁၆ ဦးထဲတွင် ပါဝင်ခဲ့သည်။

ရုရှား၏ ကြေးစားလူသတ်သမား ဗာဒင်ကရာစီကော့ဗ်သည်လည်း အနောက်နိုင်ငံများရှိ အကျဉ်းထောင်များထဲမှ ပြန်လည်လွတ်မြောက်လာခဲ့သည့် ရုရှားနိုင်ငံသားရှစ်ဦးထဲတွင် ပါဝင်ခဲ့သည်။

ကရာစီကော့ဗ်သည် ၂၀၁၉ ခုနှစ်က ဘာလင်မြို့တော်ရှိ ပါလီမန်အဆောက်အအုံအနီးတွင် ချေချင်းညာတပ်မှူးဟောင်းတစ်ဦးကို လုပ်ကြံသတ်ဖြတ်မှုဖြင့် ဂျာမနီတွင် အကျဉ်းချခံခဲ့ရခြင်းဖြစ်သည်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန်က ထိုအကျဉ်းသားလဲလှယ်မှုအတွက် ငွေကြေးပေးရခြင်း သို့မဟုတ် ပိတ်ဆို့မှုများကို အသုံးပြုရခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော် ထရန့်ကမူ ဂါရှ်ကိုဗစ်သည် ရုရှားသို့ ပြန်လည်ရောက်ရှိမှုကို အံ့သြမိကြောင်း၊ ထိုအကျဉ်းသားလဲလှယ်ရေးသဘောတူညီမှုများသည် ဆိုးရွားပြီးလူအများအပြား ပြန်ပေးဆွဲခံရမည့်အခြေအနေသို့ရောက်ရှိစေကြောင်း ပြောကြားခဲ့သည်။

ထရန့်သည် နိုင်ငံတကာ အကျဉ်းသားလဲလှယ်ရေးသဘောတူညီမှုများတွင် ရာနှင့်ချီသည့်အကျဉ်းသားများ လွတ်မြောက်ရေးကိုဦးဆောင်ပြုလုပ်ခဲ့ပြီး ထိုအကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်များထဲတွင် အီရန် ဆေးဘက်ဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦး၊ အီရန်-အမေရိကန်ဆရာဝန်တစ်ဦး၊ ထိပ်သီးတာ လီဘန် အကျဉ်းသားသုံးဦးအပါအဝင် အိုမန်တွင်ထိန်းသိမ်းခံခဲ့ရသည့် ဟူရ်သီစစ်သွေးကြွ ၂၀၀ ကျော် ပါဝင်သည်။              Ref: AFP

Most Read

Most Recent