တူရကီ၏ လက်ဖက်ခြံများကို ခြိမ်းခြောက်နေသော သဘာဝဘေးအန္တရာယ်များ

တူရကီ၏ လက်ဖက်ခြံများကို ခြိမ်းခြောက်နေသော သဘာဝဘေးအန္တရာယ်များ
Photo-AFP
Photo-AFP
Published 26 May 2024

တူရကီ၏ အံ့သြမှင်သက်ဖွယ် ပင်လယ်နက် လက်ဖက်စိုက်ခင်းဒေသတွင် မိုးသည်းထန်စွာရွာချိန်တိုင်း ဇီရူလာကို မာကူအမည်ရှိအမျိုးသားသည် စိုးရိမ်ထိတ်လန့်နေခဲ့သည်။

လွန်ခဲ့သည့် သြဂုတ်လက အဗ္ဗဒူလာဟိုကာကျေးရွာရှိ ၎င်း၏ နေအိမ်အထက်ရှိ လက်ဖက်ခြံတွင်မိုး သည်းထန်စွာ ရွာသွန်းချိန်တောင်မှ မြေများစတင်လျှော့ကျလာကာ မြေပြိုမှုဖြစ်ပွားခဲ့ကာ ၎င်းမှာမူအသက် အန္တရာယ် ကြုံတွေ့လုနီးပါးဖြစ်ခဲ့သည်။ယင်းမြေပြိုမှုကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည်။

“ဘယ်သူမှ မသေခဲ့တာကတော့ အံ့သြဖွယ်ဖြစ်စဉ်တစ်ခုပါပဲ”ဟု ကိုမာကူက ပြောကြားခဲ့ကာ၎င်း၏ ရွှွံ့များပြန့်ကြဲဖုံးလွှမ်းနေသော အိမ်၏အပေါ်တွင် လျှပ်စစ်ဓာတ် တိုင်တစ်တိုင်သည် အန္တရာယ်ရှိစွာ  ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

တူရကီနိုင်ငံအရှေ့မြောက်ပိုင်း ရီဇီ၏လက်ဖက်စိုက်ပျိုးသည့် ပြည်နယ်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်က အကြီးစားမြေပြိုမှုများ ထပ်တလဲလဲ ဖြစ်ပွားခဲ့သည်။

အိုင်ယာလန်နှင့် နှိုင်းယှဉ်လျှင် နှစ်စဉ်မိုးရေချိန် ၂ ဒသမ ၂မီတာနှင့်အတူ ပိုမိုစိုစွတ်သည့် ယင်းဒေသ၌ ပြီးခဲ့သည့်နှစ်အတွင်း နေအိမ်များအပေါ် သက်ရောက်မှုရှိသည့် ပြင်းထန်မြေပြိုမှုဖြစ်စဉ် ၃၅၅ ခုဖြစ်ပွားခဲ့ သည်ဟု တူရကီသဘာဝဘေး အန္တရာယ်အေဂျင်စီ(AFAD)က ထုတ်ပြန်ခဲ့သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် ပင်လယ်နက်ကို ပိုမိုပူနွေးလာစေပြီး မိုးကြိုးမုန်တိုင်းများကိုပို မိုပြင်းထန်လာစေကာ မြေဆီလွှာ၌ ပိုမိုဖိအားများလာမှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

ပြန့်ကျဲနေသော ကျေးရွာများ ဆက်သွယ်ရန်အတွက် တောင်တန်းများ၏ ဘေးဘက်နေရာများကို ဖြတ်၍ လမ်းများအတားအဆီးမရှိ ဆောက်လုပ်နေမှုသည် ပြဿနာကို ပိုမိုဆိုးရွားလာစေသည်ဟု ပြည်နယ်၏ ဘူမိဗေဒဆိုင်ရာ အင်ဂျင်နီယာအဖွဲ့မှ ဟာကန်ယန်ဘေးက ဆိုသည်။

မတ်စောက်နေသော တောင်တန်းများ ၈၀ ရာခိုင်နှုန်းရှိသည့် ယင်းတောင်ထူထပ်သောဒေသ၏ မြေဆီ လွှာတည်ငြိမ်မှုအပေါ် ၎င်းတို့က လျှော့တွက်ထားကြသည်။

မြေဆီလွှာတိုက်စားမှုများစွာ အတွက်လွန်ခဲ့သော ရာစုနှစ်များအတွင်း လက်ဖက်စိုက်ခင်းများ တိုးပွား လာမှုအပေါ် ယန်ဘေးက ပြစ်တင်ပြောကြားခဲ့သည်။

နိုင်ငံတော်က နှစ်ရှည်လများ အားပေးခဲ့သောကြောင့် လက်ရှိတွင် ယင်းဒေသ၏ စိုက်ပျိုးမြေ ၉၀ ရာခိုင် နှုန်းသည် လက်ဖက်စိုက်ခင်းများအဖြစ် နေရာယူထားကြသည်။

သုံးနှစ်နီးပါးအတွင်း ရီဇီမြို့တွင်ဖြစ်ပွားသော မြေပြိုမှုတစ်ခု၌ လူသေဆုံးမှုမရှိသော်လည်း အဗ္ဗဒူလာဟိုကာမှ ၂၅ မိုင်အကွာရှိ အိမ်နီးချင်းထရပ်ဇွန်ပြည်နယ်တွင် မတ်လက ဖြစ်ပွားသည့် မြေပြိုမှုတစ်ခုအတွင်း အလုပ်သမား တစ်ဦးသေဆုံးခဲ့သည်။

သို့သော် ၁၉၆၀ ပြည့်နှစ်ကတည်းက ရီဇီမြို့တွင် လူပေါင်း ၁၃၀ သေဆုံးခဲ့သည့် အခြားသဘာဝဘေး အန္တရာယ်များ၏ နာကျင်စရာအမှတ်တရများကမူ မှေးမှိန်သွားခြင်း မရှိပေ။

“ကျွန်တော်တို့တွေ ပင်လယ်နက်ဒေသမှာ နှစ်ပေါင်းများစွာကြာကြုံနေရတဲ့ ရေကြီးမှုနဲ့မြေပြိုမှုတွေ ကို  ကာကွယ်ပေးမှာ ဖြစ်ပါတယ်”ဟု တူရကီသမ္မတ ရီဆပ်တေးရစ်အာဒိုဂန်က ဧပြီလတွင် ၎င်းမိသားစုနှင့်အတူ ရီဇီမြို့သို့ လာရောက်ချိန်၌ ကတိပြု ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်က ရေကြီးမှုများ နှင့်မြေပြိုမှုများအတွင်း ရွာသားခြောက်ဦး သေဆုံးခဲ့ပြီးနောက် အာဒိုဂန်က တောင်ကုန်းနေရာများတွင် ငါးထပ်မှ ၁၀ ထပ်အဆောက်အအုံများ ဆောက်လုပ်မှုကို တားမြစ်ပိတ်ပင်ရန် တောင်းဆိုခဲ့သည်။

“နိုက်ထရိုဂျင်ပိုးသတ်ဆေးတွေက လက်ဖက်ခြံတွေမှာ ဘာတွေဖြစ်ကုန်လဲဆိုတာ ကြည့်ကြည့်ပါ။သူတို့တွေက မြေဆီလွှာတွေကို ရွှံ့တွေအဖြစ် ပြောင်းလဲလိုက်ပါတယ်”ဟု အာဒိုဂန်ကဆိုသည်။

သို့သော် သုံးနှစ်ကြာပြီးသည်အထိ ထိထိရောက်ရောက်စီမံချက်များ ချမှတ်လုပ်ဆောင်ခြင်းမရှိသေးကြောင်း အာဒိုဂန်၏ AK ပါတီလွှမ်းမိုးထားသော ယင်းပြည်နယ်၏ အတိုက်အခံလွှတ်တော်အမတ်တာ ဆင်အိုကက်လီက ဆိုသည်။

အိုကက်လီက တစ်နှစ်အတွင်း သဘာဝဘေးအန္တရာယ်အကြိမ်များစွာ ဖြစ်နေသော ယင်းဖြစ်စဉ်ကိုသ ဘာဝအလျောက်ကပ်ဘေးမဟုတ်ဘဲ လူလုပ်သဘာဝဘေး အန္တရာယ်များဖြစ်သည်ဟုဆိုကာ ပါလီမန်၌စုံ စမ်းစစ်ဆေးမှု လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။          Ref:AFP

Most Read

Most Recent