ထိုင်ဝမ် ရေလက်ကြားအတွင်း တရုတ်အမျိုးသားတစ်ဦး ဖမ်းဆီးခံရမှုကို သံသယမဖြစ်သင့်ဟု တရုတ် ပြောကြား

ထိုင်ဝမ် ရေလက်ကြားအတွင်း တရုတ်အမျိုးသားတစ်ဦး ဖမ်းဆီးခံရမှုကို သံသယမဖြစ်သင့်ဟု တရုတ် ပြောကြား
Published 13 June 2024

ထိုင်ဝမ်ရေလက်ကြားကို စပိဘုတ်ဖြင့် ကျော်ဖြတ်ခဲ့ပြီးနောက် တိုင်ပေ အနီးတွင် ဖမ်းဆီးခံခဲ့ရသည့် တရုတ်အမျိုးသားတစ်ဦး၏ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုင်ဝမ်လုံခြုံရေးအရာရှိများက တပ်လှန့်နှိုးဆော်ခဲ့ချိန်တွင် ထိုအမျိုးသားသည် ၎င်း၏ ကိုယ်ပိုင်ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သံသယ မဖြစ်သင့်ကြောင်း တရုတ်အစိုးရက ဇွန် ၁၂  ရက်တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်နေချိန် တွင် တရုတ်အမျိုးသားတစ်ဦးသည် တိုင်ပေ မြို့တော်သို့ ဦးတည်စီးဆင်းသည့် မြစ်တစ်စင်း အတွင်းသို့ စပိဘုတ်ဖြင့်ဝင်ရောက်ခဲ့ပြီး နောက် တမ်ဆူအီခရိုင်၏ ကမ်းရိုးတန်းဒေသ တွင် ဇွန် ၉ ရက်က ထိုင်ဝမ်ကမ်းခြေစောင့် တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

အဆိုပါ အမျိုးသားသည် တရုတ်ရေတပ်ကပ္ပတိန် ဟောင်းတစ်ဦးဖြစ်ပြီး ထိုင်ဝမ်၏ ကာကွယ် ရေးကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ဖွယ်ရှိ ကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်။

တရုတ်၏ ထိုင်ဝမ်ရေးရာရုံး၏ ပြောရေးဆိုခွင့် ရှိသူ ချန်ပင်ဟွာကမူ ထိုအမျိုးသား၏ လုပ် ဆောင်မှုများသည် ၎င်း၏ ပုဂ္ဂိုလ်ရေးလုပ် ဆောင်မှုများသာဖြစ်ကြောင်းနှင့် ထိုင်ဝမ်ဒီမို ကရက်တစ်တိုးတက်ရေးပါတီအနေဖြင့် ထို ဖြစ်စဉ်ကို အကြောင်းပြုပြီး နိုင်ငံရေးကစား ရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent