ဆော်ဒီအာရေဗျတွင် ဟာ့ဂျ်ဘုရားဖူးကာလအတွင်း လူ ၁၃၀၀ ဝန်းကျင် သေဆုံးခဲ့

ဆော်ဒီအာရေဗျတွင် ဟာ့ဂျ်ဘုရားဖူးကာလအတွင်း လူ ၁၃၀၀ ဝန်းကျင် သေဆုံးခဲ့
Published 24 June 2024

ဆော်ဒီအာရေဗျနိုင်ငံတွင် ဟာ့ဂျ်ဘုရားဖူးကာလအတွင်း သေဆုံးသူ ၁၃၀၁ ဦးရှိထားသည်ဟု အစိုးရက ထုတ်ပြန်ကြေညာသည်။ 

သေဆုံးသူလေးပုံသုံးပုံကျော်က တရားမဝင်ရောက်လာသည့် ဘုရားဖူးများဖြစ်နေပြီး ရာသီဥတုပူပြင်းနေချိန် အကာအကွယ်များမပါဘဲ  လမ်းလျှောက်ခဲ့ကြသည်ဟု ဆော်ဒီ SPA သတင်းဌာနက ဖော်ပြခဲ့သည်။

ဆော်ဒီကျန်းမာရေးဝန်ကြီး အယ်လ်ဂျာလာဂျယ်အဆိုအရ  ဆေးရုံဆေးခန်းများတွင် ဟာ့ဂျ်ဘုရားဖူးသူ ငါးသိန်းနီးပါးကို ကုသပေးခဲ့ရပြီး ၎င်းတို့အနက် ၁၄၀၀၀၀ ကျော်က တရားမဝင်ရောက် လာသူများဖြစ်သည်။

အချို့လည်းဆေးရုံ မဆင်းသေးပေ။ဘုရားဖူးသူများအတွက် အထူးသဖြင့် တရားမဝင်ဘုရားဖူးများအတွက်  ပိုမိုဘေးကင်းအောင် မစီမံပေးနိုင်ခဲ့မှုဖြင့် ဆော်ဒီအစိုးရမှာ ဝေဖန်ခံခဲ့ရပြီး နိုင်ငံတကာက ၎င်းတို့နိုင်ငံ သားမည်မျှ သေထားသည်ကို  ထုတ်ပြန်သည့်တိုင် ဆော်ဒီအစိုးရက ဇွန် ၂၃ ရက်အထိ တရားဝင်စာရင်းကို မကြေညာခဲ့ပေ။

AFP သတင်းတွင် အီဂျစ်နိုင်ငံသား ၆၅၈ ဦးသေခဲ့သည်ဟု ဖော်ပြပြီး အင်ဒိုနီးရှားနိုင်ငံသား ၂၀၀ ကျော်၊ အိန္ဒိ ယနိုင်ငံသား ၉၈ ဦးပါသည်ဟု သက်ဆိုင်ရာအစိုးရများက ကြေညာသည်။ ပါကစ္စတန်၊ မလေးရှား၊ ဂျော်ဒန်၊ အီရန်၊ ဆီနီဂေါ၊ ဆူဒန်နှင့် အီရတ်နိုင်ငံသားများလည်း သေဆုံးသည့် ဟာ့ဂျ်ဘုရားဖူးများထဲပါနေသည်။                         

Ref:BBC

Most Read

Most Recent