အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ အဓိကပြိုင်ဘက်ဖြစ်သူ ရာဟူးဂန္ဓီ အတိုက်အခံခေါင်းဆောင်အဖြစ် အဆိုပြုခံရ

အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ အဓိကပြိုင်ဘက်ဖြစ်သူ ရာဟူးဂန္ဓီ အတိုက်အခံခေါင်းဆောင်အဖြစ် အဆိုပြုခံရ
ဧပြီ ၁၇ ရက်က ဂါဇီယာဘက်မြို့တွင် သတင်းစာရင်းလင်းပွဲပြုလုပ်နေသည့် ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးဂန္ဓီကို တွေ့ရစဉ်
ဧပြီ ၁၇ ရက်က ဂါဇီယာဘက်မြို့တွင် သတင်းစာရင်းလင်းပွဲပြုလုပ်နေသည့် ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးဂန္ဓီကို တွေ့ရစဉ်
Published 9 June 2024

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ အဓိကပြိုင်ဘက်ဖြစ်သည့် ရာဟူးဂန္ဓီသည် လွှတ်တော်တွင် အိန္ဒိယ၏ အတိုက်အခံများကို ဦးဆောင်ရန် ဇွန် ၈ ရက်တွင် အဆိုပြုတင်သွင်းခံခဲ့ရသည်။

မိုဒီ၏ အာဏာရ BJP ပါတီသည် မကြာသေးမီက ရွေးကောက်ပွဲတွင် နေရာအများစု မရရှိခဲ့သဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်းရန် ညွှန့်ပေါင်းမဟာမိတ်ပါတီများအပေါ် မှီခိုခဲ့ရပြီး နောက်တတိယသက်တမ်းအတွက် ကျမ်း သစ္စာကျိန်ဆိုခဲ့သည်။

ဂန္ဓီသည် ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်များကို ဖီဆန်ပြီး လွှတ်တော်တွင် ၎င်း၏ ကွန်ဂရက်ပါတီကို ယခင်ရွေးကောက်ပွဲက ရရှိခဲ့သည့်နေရာထက် နှစ်ဆနီးပါးရရှိရန် စွမ်းဆောင်နိုင်ခဲ့ကာ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုက မိုဒီအာဏာရလာခဲ့ချိန်မှစပြီး ကွန်ဂရက်ပါတီအတွက် အကောင်းဆုံးမဲရလဒ် ဖြစ်ခဲ့သည်။

ဇွန် ၈ ရက်က ကွန်ဂရက်ပါတီခေါင်းဆောင်ပိုင်း အစည်းအဝေးတွင် ဂန္ဓီကို အိန္ဒိယ၏ တရားဝင်အတိုက်အခံ ခေါင်းဆောင်အဖြစ် တညီတညွတ်တည်း အဆိုပြုခဲ့ကြသည်။ ထိုနေရာသည် ၂၀၁၄ ခုနှစ်နောက်ပိုင်း လစ် လပ်နေသည့် အတိုက်အခံခေါင်းဆောင်နေရာ ဖြစ်သည်။

“အစည်းအဝေးတက်ရောက်သူအားလုံးဟာ ရာဟူးဂန္ဓီကို လွှတ်တော်မှာ အတိုက်အခံ ခေါင်းဆောင်ရာထူး ရယူသင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်”ဟု ကွန်ဂရက်ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်  ကေစီ ဗီနူဂိုပယ်က အစည်းအဝေးအပြီးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂန္ဓီသည် အန္ဒိယနိုင်ငံရေးလောကကို ဆယ်စုနှစ်များစွာကြာ လွှမ်းမိုးခဲ့သည့် နိုင်ငံရေးမျိုးဆက်ကို ဆက်ခံသူဖြစ်ပြီး လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဂျဝါဟာလာ နေရူးက စတင်ပြီး ဂန္ဓီသည် ယခင်ပါက စ္စတန်ဝန်ကြီး ချုပ်ဟောင်းများ၏ သား၊ မြေး၊ မြစ်ဖြစ်သည်။

မေ ၅ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်သည့် ရလဒ်များအရ BJP ဦးဆောင်သော အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDA) သည် လွှတ်တော်၏အမတ်နေရာ ၅၄၃ နေရာအနက် ၂၉၄ နေရာရရှိခဲ့ပြီး အမတ်နေရာအများစုရရှိရန် လိုအပ်သည့် အရေအတွက်ဖြစ်သည့် ၂၇၂ နေရာထက် ကျော်လွန် ခဲ့သော်လည်း မူလကမျှော်မှန်းထားသည်ထက်များစွာ လျော့နည်းနေသည်။

BJP ပါတီသည် အမတ်နေရာ ၂၄၀ သာ ရရှိခဲ့ခြင်းကြောင့် တစ်ပါတီတည်းက အမတ်နေရာအများစုကို ရယူနိုင်ခဲ့ခြင်းမရှိဘဲ ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၃၀၃ နေရာအထိ စံချိန်တင်ရရှိ ခဲ့စဉ်ကထက် သိသာစွာ လျော့နည်းနေသည်။

၎င်း၏ပါတီအပေါ် ထောက်ခံမှုလျော့ ကျနေသော်လည်း မိုဒီက ၎င်း၏ရွေးကောက် ပွဲမဲဆွယ်ကတိကဝတ် ဖြစ်သည့် အိန္ဒိယစီးပွားရေးကို လက်ရှိ ကမ္ဘာ့ပဥ္စမမြောက်အကြီးဆုံးနေရာမှ ကမ္ဘာ့တတိယအကြီးဆုံးအဖြစ် ပြောင်းလဲရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည့်အပြင် ၎င်း၏အစီအစဉ်ကို ဆက်လက်အကောင် အထည်ဖော်သွားမည့်အကြောင်း ပြောကြားခဲ့သည်။

မိုဒီက ၎င်းအနေဖြင့် အိန္ဒိယ၏ကာကွယ်ရေး ထုတ်လုပ်မှုကို အဆင့်မြှင့်သွားမည့်အပြင်၊ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်လာစေရေး၊ တင်ပို့ကုန်များ မြင့်တက်လာစေရေးနှင့်လယ်သမားများကို ကူညီပေးသွားမည့်အကြောင်း ပြောကြားခဲ့သည်။“ဒီနိုင်ငံမှာ ကြီးမားတဲ့ဆုံး ဖြတ်ချက်တွေရဲ့အခန်းကဏ္ဍ အသစ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဒါကမိုဒီရဲ့ အာမခံချက်ပဲ”ဟု ၎င်းက ဆိုသည်။

နိုင်ငံ၏ပထမဆုံးဝန်ကြီးချုပ် နေရူး ပြီးနောက် မိုဒီ၏အနိုင်ရရှိမှုသည် တတိယမြောက်သက်တမ်းအတွက် အိန္ဒိယခေါင်းဆောင်တစ်ဦးမှ ဒုတိယအကြိမ်မြောက်ရရှိမှု ဖြစ်သည်။                            

Ref:AFP

Most Read

Most Recent