အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တောင်အာဖရိက စွပ်စွဲပြောကြားသည့် ဂါဇာလူမျိုးတုံးသတ်ဖြတ်မှုကိစ္စကို အစ္စရေးက ပြင်းပြင်းထန်ထန်ဝေဖန်

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တောင်အာဖရိက စွပ်စွဲပြောကြားသည့် ဂါဇာလူမျိုးတုံးသတ်ဖြတ်မှုကိစ္စကို အစ္စရေးက ပြင်းပြင်းထန်ထန်ဝေဖန်
တောင်အာဖရိက ကိုယ်စားပြု ရှေ့နေများကို မတ် ၁၆ ရက်တွင်(ICJ)၌ တွေ့ရစဉ်(Photo: AFP)
တောင်အာဖရိက ကိုယ်စားပြု ရှေ့နေများကို မတ် ၁၆ ရက်တွင်(ICJ)၌ တွေ့ရစဉ်(Photo: AFP)
Published 17 May 2024

အစ္စရေးသည် ရာဖာ၌ စစ်ဆင်ရေးလုပ် ဆောင်နေခြင်းနှင့်အတူ လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေးကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တောင်အာဖရိက၏စွပ်စွဲပြောကြားမှုများကို မေ ၁၇ ရက်တွင် အစ္စရေးက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

ရာဖာကို အစ္စရေးထိုးစစ်ဆင်နေခြင်းကို အပြည်ပြည်ဆိုင်ရာ တရားရုံးက ဟန့်တားပေးရန် တောင်အာဖရိက,ကတိုက်တွန်းခဲ့သည်။ ဟားမာ့စ်ကို ချေမှုန်းရန် ရာဖာစစ်ဆင်ရေးသည် အဓိကကျသည်ဟု အစ္စရေးက ပြောကြားထားသည်။

အပြည်ပြည်ဆိုင်ရာ ဥပဒေအတိုင်း မမှိတ်မသုန်ဆောင်ရွက်မည်ဟု အစ္စရေးက ယခင်တုန်းက ပြောကြားခဲ့သည်။ တောင်အာဖရိက၏စွပ်စွဲပြောကြားမှုသည် လုံးဝအခြေအမြစ်မရှိဘဲ လူ့ကျင့်ဝတ်ပိုင်းအရ ရွံစရာကောင်းသည်ဟု အစ္စရေးကပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မိမိတို့ လုပ်စရာရှိသည်ကို လုပ်သွားမည်ဟု မေ ၁၅ ရက်တွင်ပြောကြားခဲ့ပြီး စိုးရိမ်စရာဖြစ်နေရသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ရှောင်လွှဲရန် လူအများအပြားကို ရွှေ့ပြောင်းပေးထားသည်ဟု ပြောကြားခဲ့သည်။

မေ ၁၆ ရက်တွင် တရားသူကြီးများသည် တောင်အာဖရိက ကိုယ်စားပြုရှေ့နေများ၏ အစ္စရေးအပေါ်စွပ်စွဲပြောကြားမှုများကို ကြားနာခဲ့သည်။ အဆိုပါ စွပ်စွဲပြောကြားမှုများထဲတွင် လူအစုလိုက်အပြုံလိုက်မြှုပ်နှံထားမှု၊ ညှင်းပန်းနှိပ်စက်မှု၊ လူသားချင်းစာနာမှုအကူအညီများကို တမင်သက်သက် မပေးဘဲထားခြင်းတို့ ပါဝင်နေသည်။

“ပါလက်စတိုင်းနဲ့ပါလက်စတိုင်းပြည်သူတွေကို ဘေးရန်ကင်းအောင် ထိန်းထားပေးဖို့ ဒီလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကိစ္စရပ်တန့်စေဖို့ ဒီတရားရုံးတော်ရှေ့မှောက်ကို ကျွန်တော်တို့ နောက်ဆုံးလာရောက်တဲ့အခါမှာ တောင်အာဖရိဘက်က မျှော်လင့်ထားပါတယ်”ဟု ရှေ့နေ ဗူဆီမူဇီမာဒွန်ဆီလာက ပြောကြားခဲ့သည်။

“အဲဒီလိုဟန့်တားပေးမယ့်အစား အစ္စရေးရဲ့လူမျိုးတုံးသတ်ဖြတ်မှုဟာ ဆက်လက်မြန်ဆန်နေပါတယ်။ ကြောက်မက်ဖွယ် အဆင့်သစ်တစ်ခုကို ရောက်နေပါပြီ”ဟု မန်ဒိုဆယ်လာက ပြောကြားသည်။

ကမ္ဘာတစ်ဝန်း သတင်းခေါင်းစီးများတွင် ပါဝင်ခဲ့သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ဇန်နဝါရီလထဲတွင် ICJ ကချမှတ်ခဲ့သည်။ အစ္စရေးအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်များကို ဟန့်တားရန်၊ ဂါဇာသို့လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများရောက်ရှိသွားစေရန် ရှိသမျှစွမ်းအားများကို အသုံးပြု၍လုပ် ဆောင်ရန် ICJ က အမိန့်ချခဲ့သည်။

တရားရုံးဆုံးဖြတ်ချက်တွင် အပစ်အခတ်ရပ်စဲရန် အမိန့်ပေးမှုမပါဝင်ပေ။ တောင် အာဖရိက၏အကြောင်းပြချက်သည် မြေပြင်အခြေအနေနှင့်သက်ဆိုင်နေသည်။ အထူးသဖြင့် လူနေထူထပ်သော ရာဖာတွင် စစ်ဆင်ရေးလုပ်ခြင်းကိစ္စနှင့် သက်ဆိုင်သည်။

ရာဖာစစ်ဆင်ရေးသည် ဂါဇာကို ဖျက်ဆီးခြင်းနှင့် ပါလက်စတိုင်းပြည်သူများကို ထိ ခိုက်အောင်လုပ်ဆောင်ခြင်းတို့တွင်နောက်ဆုံးအဆင့်ဖြစ်သည်ဟု တောင်အာဖရိကကို ကိုယ်စားပြုသောရှေ့နေ ဗောဂန်လိုဝီက ပြောကြားခဲ့သည်။ တောင်အာဖရိကသည် ရာဖာကိစ္စဖြင့် ICJ ကိုရောက်လာခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။        

Ref: AFP

Most Read

Most Recent