ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် အထည်ချုပ်စက်ရုံများ အပါအဝင် စက်ရုံ ၈၀ ကျော် ပိတ်ထားရ

ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် အထည်ချုပ်စက်ရုံများ အပါအဝင် စက်ရုံ ၈၀ ကျော် ပိတ်ထားရ
Published 5 September 2024
Ref: AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာအနီးရှိ စက်မှုဧရိယာများတွင် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိရာ လုံခြုံရေးအပေါ် စိုးရိမ်မှုများရှိနေသည့်အတွက် အဓိကကျသော အထည်ချုပ် လုပ်ငန်း အပါအဝင် နိုင်ငံအတွင်းရှိ စက်ရုံ ပေါင်း ၈၀ ကျော်ကို စက်တင်ဘာ ၄ ရက်က ပိတ်ထားခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့်လက ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ရာထူးမှ ပြုတ်ကျစေခဲ့သည့် ကျောင်းသားများဦးဆောင်သော လူထုဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် ကြားဖြတ်အစိုးရသစ်အနေဖြင့် ရင်းနှီးမြှုပ်နှံသူများ စိတ်ချ လက်ချ ရှိစေရန် ကြိုးပမ်းလျက်ရှိစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ရှိ အထည်ချုပ်စက်ရုံ ၃,၅၀၀ သည် နှစ်စဉ် ပို့ ကုန်ရငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅ ဘီလျံ၏၈၅ ရာခိုင်နှုန်းဝန်းကျင် ရှိသော်လည်း ပြီးခဲ့သည့်လတွင် ဆူပူအုံကြွ မှုများ ဖြစ်ပွားခဲ့ ခြင်းကြောင့် အရေးပါသော အထည်ချုပ်လုပ် ငန်းအား အကြီးအကျယ် ထိခိုက်စေခဲ့သည်။ အထည်ချုပ်လုပ်ငန်းအတွက် ထုတ်လုပ်ဖြန့် ဖြူးမှုကွင်းဆက်ကို ထိန်းသိမ်းရေးမှာ ငြိမ်းချမ်း ရေး နိုဘယ်ဆုရှင် မိုဟာမက် ယူနက်စ် ရင် ဆိုင်နေရသော အဓိကစိန်ခေါ်မှုတစ်ခု ဖြစ် သည်။ သြဂုတ် ၅ ရက်တွင် ဟာဆီနာ အိန္ဒိယ သို့ ထွက်ပြေးသွားပြီးနောက်ပိုင်း ယူနက်စ် သည် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။

                            

Most Read

Most Recent