အစ္စရေးနှင့် ဟားမာ့စ်စစ်ပွဲ ရပ်စေရန် ကြားဝင်စေ့စပ်သူများက ကြိုးပမ်းနေစဉ် ဂါဇာစီးတီးရှိ ရပ်ကွက်များမှ ပါလက်စတိုင်းပြည်သူများ နေရပ်စွန့်ခွာရန် အစ္စရေးစစ်တပ် ညွှန်ကြား

အစ္စရေးနှင့် ဟားမာ့စ်စစ်ပွဲ ရပ်စေရန် ကြားဝင်စေ့စပ်သူများက ကြိုးပမ်းနေစဉ် ဂါဇာစီးတီးရှိ ရပ်ကွက်များမှ ပါလက်စတိုင်းပြည်သူများ နေရပ်စွန့်ခွာရန် အစ္စရေးစစ်တပ် ညွှန်ကြား
ဂါဇာကမ်းမြောင်တွင်အစ္စရေးတပ်ဖွဲ့များဖျက်ဆီးထားသည့် အဆောက်အအုံများကို ဇူလိုင် ၈ ရက်တွင် အစ္စရေးတောင်ပိုင်းမှ လှမ်းမြင်ရစဉ်(Photo: AP)
ဂါဇာကမ်းမြောင်တွင်အစ္စရေးတပ်ဖွဲ့များဖျက်ဆီးထားသည့် အဆောက်အအုံများကို ဇူလိုင် ၈ ရက်တွင် အစ္စရေးတောင်ပိုင်းမှ လှမ်းမြင်ရစဉ်(Photo: AP)
Published 9 July 2024

အစ္စရေးစစ်တပ်က ရွှေ့ပြောင်းအမိန့် ထုတ်ပြန်သည့် နေရာများကို တိုးလိုက်ပြီး ကြားဝင်စေ့စပ်ပေးသူများကလည်း အစ္စရေးနှင့်ဟားမာ့စ်တို့၏ကိုးလကြာစစ်ပွဲ အဆုံးသတ်ရေးအတွက် ပိုမိုကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် ပါလက်စတိုင်းသားများသည် တိုက်ပွဲပြင်းထန်နေသည့် ဂါဇာစီးတီးမှ ဇူလိုင် ၈ ရက်တွင် ထွက်ပြေးခဲ့ကြသည်။

ကြားဝင်စေ့စပ်ပေးနေသော အီဂျစ်နှင့်ကာတာတို့က ယခုသီတင်းပတ်ထဲတွင် အစည်းအဝေးသစ်များကို ကျင်းပရန် စီစဉ်ထားသည့်တိုင် မြေပြင်တွင် ဖြစ်ပေါ်နေသော အခြေအနေများက ဆွေးနွေးပွဲများကို ခြိမ်း ခြောက်နိုင်သည်ဟု ဟားမာ့စ်အဖွဲ့၏ နိုင်ငံရေးဆိုင်ရာ အကြီးအကဲက သတိပေးပြောကြားခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

အစ္စရေးတပ်ဖွဲ့များနှင့်တင့်ကားများ သည်ဂါဇာကမ်းမြောင် မြောက်ပိုင်းရှိ ဂါဇာစီးတီး၏အရပ်ဒေသများသို့ ဝင်ရောက်လာခဲ့ပြီး ပါလက်စတိုင်းစစ်သွေးကြွများနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အစ္စရေးတပ်ဖွဲ့များကို ဒုံး ကျည်များ၊ မော်တာများဖြင့် ပစ်ခတ်ခြင်းနှင့်အတူ ဗုံးများကိုလည်းချထားသည်ဟု ပါလက် စတိုင်းစစ်သွေးကြွများက ပြောကြားခဲ့သည်။

ဂါဇာစီးတီးတွင်ဖြစ်ပွားနေသော တိုက်ပွဲသည် လပေါင်းများစွာအတွင်း အပြင်းထန်ဆုံးတိုက်ပွဲဖြစ်သည်ဟု ဟားမာ့စ်အဖဲဲွ့ခွဲဖြစ်သော အက်ဇီဒိုင်းအယ်လ်ကာဆမ်တပ်ရင်းက ပြောကြားခဲ့သည်။

ပြည်သူ ထောင်သောင်းကို ရွှေ့ပြောင်းအမိန့် သက်ရောက်ခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ဂါဇာစီးတီး၏အယ်လ်ဒါရာရပ်ကွက်၊ အယ်လ်တပ်ဖီရပ်ကွက်တို့မှ ပြည်သူများ ထွက်ခွာကြရန် အသံချက်စက်များဖြင့် ကြေညာနေသည်ဟု မျက်မြင်တွေ့သူများက ပြောကြားခဲ့သည်။

အမျိုးသမီးများသည် အငယ်ဆုံးကလေးများကို ချီထားပြီး အိတ်သည်နိုင်သည့်အရွယ်ရှိသောကလေးများသည် ကျောပိုးအိတ်များလွယ်ခြင်း သို့မဟုတ် အိတ်များကိုပခုံံးတွင်လွယ်ခြင်းဖြင့် စစ်ပွဲအစပိုင်း တိုက်ပွဲများကြောင့် ပျက်စီးနေသော ဖုန်ထူထူလမ်းများတွင်သွားနေသည်ကို တွေ့ရသည်။

ဂါဇာစီးတီး အနောက်ပိုင်းရှိ ရပ်ကွက်များမှ ပါလက်စတိုင်းသားများထွက်ခွာကြရန် အစ္စရေးက ပြောကြားခဲ့ရာ ဂါဇာကမ်းမြောင်၏အကြီးဆုံးမြို့၌ ပြောင်းရွှေ့ဇုန်ကို အစ္စရေးကထပ်တိုးလိုက်ခြင်းဖြစ်ပြီး နှစ်ပတ်မပြည့်မီ တတိယအကြိမ်မြောက် ပြောင်းရွှေ့အမိန့် ဖြစ်လာခဲ့သည်။

“ကျွန်တော်တို့ ဘယ်နေရာကိုသွားရမလဲ”ဟု ဂါဇာစီးတီး၏ ရီမဲလ်ရပ်ကွက်မှ ထွက်ပြေးလာသော အဗ္ဗဒူလာခန်မာ့ရှ်က ပြောသည်။

“သူတို့က ကျွန်တော်တို့ကို ဒီနေရာက နေထွက်ခွာပြီး အခြားနေရာကိုသွားလို့ပြောတယ်။ နောက်တော့ သူတို့က အဲဒီနေရာကနေလာကြတာပါ”ဟု ၎င်းက ပြောသည်။

ဂါဇာစီးတီး၏အယ်လ်အာလီအာရပ် ဆေးရုံအနီးတွင် ဇူလိုင် ၇ ရက်က ဒရုန်းများမှ ပစ်ခတ်မှုအများအပြားလုပ်ဆောင်ခဲ့ပြီးနောက် ယင်းဆေးရုံမှ လူများရွှေ့ပြောင်းရန် အစ္စရေးစစ်တပ်က အမိန့်ပေးခဲ့သည်ဟု ဘရင်ဂျီအသင်းတော်၏ ဂျေရုဆလင်နယ်ပိုင်ဂိုဏ်းအုပ်က ထုတ်ပြန်ခဲ့သည်။ ယခုအခါ အ ဆိုပါ ဆေးရုံသည် အလုပ်မလုပ်နိုင်တော့ဟု  ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။                                              Ref: AFP

Most Read

Most Recent