မတ္တရာမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့  ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီး သုံးနှစ်အရွယ်ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိ

မတ္တရာမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့  ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီး သုံးနှစ်အရွယ်ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိ
Published 18 July 2024

 မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီး သုံးနှစ် အရွယ်ကလေးတစ်ဦး အပါအဝင် သုံးဦး သေ ဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် မတ္တရာ မြို့နယ်၊ အမှတ်(၂)ရပ်ကွက်အတွင်း သို့ PDF များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေါ်တင်နွဲ့ရီ ၏ နေအိမ်ပေါ်သို့ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့မှု ကြောင့် နေအိမ်ပျက်စီးခဲ့ပြီး အဆိုပါနေအိမ်တွင် နေထိုင်သူများဖြစ်သည့် မခိုင်ရွှေဝင်း (၃၉ နှစ်)၊ မနှင်းစန္ဒာအေး(၃၅ နှစ်)နှင့် မခွန်းသဒ္ဒါဟိန်း(၃ နှစ်)တို့ ဗုံးသီးပေါက်ကွဲစ ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမျိုးဇော်ဟိန်း(၃၉ နှစ်)နှင့် မသွန်းသော်တာဟိန်း (၈ နှစ်)တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ် ရာများရရှိခဲ့၍ မတ္တရာမြို့ရှိ ချစ်ဦးမွန် ပြင်ပ ဆေးခန်း၌ ဆေးဝါးကုသမှုခံယူလျက်ရှိ ကြောင်း သိရသည်။

အလားတူ ဇူလိုင် ၁၂ ရက်ညပိုင်းတွင် မတ္တရာမြို့နယ် ပလိပ်ကုန်းကျေးရွာသို့ သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့က လက်နက်ကြီး များဖြင့်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက် နက်ကြီးဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့မှု ကြောင့် အဆိုပါကျေးရွာနေ ဦးသိန်းကိုကို (၃၂ နှစ်)၊ ဒေါ်ဆွေဆွေမွန် (၄၉ နှစ်)နှင့်မဆွေ ဆွေဝင်း (၄၃ နှစ်) တို့တွင် ဗုံး သီးပေါက်ကွဲစထိ မှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်း  မြောင်း သစ်ကျေး ရွာသို့ သောင်းကျန်းသူအဖွဲ့က လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါကျေးရွာနေဒေါ် စန်းစန်း ဌေး(၅၂)တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါဒေသတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက လိုအပ်သော လုံခြုံရေးလုပ်ငန်း များ ကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent