အန်ဇိုဖာနန်ဒက်ဇ်အား အသင်းမှထုတ်ပယ်ရန် ချယ်လ်ဆီးပရိသတ်အချို့ တောင်းဆို

အန်ဇိုဖာနန်ဒက်ဇ်အား အသင်းမှထုတ်ပယ်ရန် ချယ်လ်ဆီးပရိသတ်အချို့ တောင်းဆို
Photo: Getty Images
Photo: Getty Images
Published 18 July 2024

ပြင်သစ်ကစားသမားများ လူမျိုးရေးခွဲခြားသောသီချင်း သီဆိုသည့် ဗီဒီယိုဖိုင်တင်ခဲ့သော ချယ်လ်ဆီးကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်အား အသင်းမှထုတ်ပယ်ရန် ချယ်လ်ဆီးပရိသတ်အချို့က တောင်းဆိုခဲ့ကြောင်း သိရသည်။

အန်ဇိုဖာနန်ဒက်ဇ်သည် ကိုပါအမေရိကပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် ပြင်သစ်ကစားသမားများအား လူမျိုးရေးခွဲခြားသည့်စာသားများ ပါဝင်သည့် သီချင်းသီဆိုထားသည့် ဗီဒီယိုကို Instagram တွင် တင်ခဲ့ခြင်း ဖြစ်သည်။

ယင်းအတွက် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီး ပြန်လည်တောင်းပန်ခဲ့ရသည်။

ယခုအခါ ချယ်လ်ဆီးပရိသတ်အချို့ က ၎င်းအား စာချုပ်ဖျက်သိမ်းပြီး အသင်းမှထုတ်ပယ်ရန်နှင့် ၎င်းဆက်ရှိနေမည်ဆိုပါက ချယ်လ်ဆီးအသင်းကို အားမပေးတော့ဟု လူမူကွန်ရက်များတွင် ရေးသားခဲ့ကြသည်။ 

Most Read

Most Recent