စပိန်လူငယ်ကြယ်ပွင့် ယမားလ် ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်မှာပင် ESO စာမေးပွဲ အောင်မြင်

စပိန်လူငယ်ကြယ်ပွင့် ယမားလ် ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်မှာပင် ESO စာမေးပွဲ အောင်မြင်
Photo: Nowgoal
Photo: Nowgoal
Published 29 June 2024

 

စပိန်အသင်းအတွက် ခြေစွမ်းပြနေသည့် လူငယ်ကြယ်ပွင့်ကစားသမား ယမားလ်သည် ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်မှာပင် ESO စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

စပိန်အခြေစိုက် Cadena CPOE ရေဒီ ယို၏ ထုတ်လွှင့်မှုအရ အသက် ၁၆ နှစ်သာရှိ သေးသူ ယမားလ်သည် ယူရိုပြိုင်ပွဲကာလ အတွင်းမှာပင် စတုတ္ထမြောက် ESO စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ယင်းစာမေးပွဲအောင်မြင်ခြင်းမှာ အမေရိကန်နိုင်ငံ၌ အထက်တန်းကျောင်းဒီပလိုမာနှင့် ဗြိတိန်၌ GCSEs လက်မှတ်ရရှိခြင်းနှင့် တူညီကြောင်း သိရသည်။ 

ယမားလ်အနေဖြင့် ESO စာမေး ပွဲအောင်မြင်ခဲ့သောကြောင့် အထက်တန်းကျောင်း နောက်ဆုံးနှစ်နှစ်ကို ဆက်လက်တက်ရောက်ခြင်းရှိမရှိ ဆုံးဖြတ်ရတော့မည် ဖြစ်သည်။ ယမားလ်သည် စပိန်အသင်း၏ ယူရို -၂၀၂၄ ပြိုင်ပွဲ အုပ်စုပွဲစဉ်သုံးပွဲစလုံး ကစားခွင့်ရထားပြီး ခရိုအေးရှား၊ အီတလီတို့နှင့် အစောပိုင်းနှစ်ပွဲတွင် ပွဲထွက်အဖြစ် ကစားခွင့်ရကာ အုပ်စုပထမဖြင့် ရှုံးထွက်အဆင့်တက်ရန် သေချာသွားပြီးနောက် အယ်လ်ဘေးနီးယားနှင့် နောက်ဆုံးပွဲတွင် လူစားဝင်အဖြစ် ကစားခွင့်ရခဲ့သည်။ 

ထို့ပြင် ယမားလ်သည် ခရိုအေးရှားအသင်းနှင့်ပွဲစဉ်တွင် အသက် ၁၆ နှစ်၊ ၃၃၈ ရက်ဖြင့် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲကစားခွင့်ရသူအဖြစ်လည်းကောင်း၊ အသက်အငယ်ဆုံး ဂိုးဖန်တီးမှုပြုလုပ်နိုင်သူအဖြစ်လည်းကောင်း စံချိန်တင်ခဲ့သည်။ စပိန်အသင်းသည် ၁၆ သင်းအဆင့်အဖြစ် ဇွန် ၃၀ ရက်တွင် ဂျော်ဂျီယာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။