■ စီးရီးအေပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 24 May 2024

ဂျူဗင်တပ်စ် - မွန်ဇာ (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၁၀:၃၀ နာရီ)

ဂျူဗင်တပ်စ်က စီးရီးအေနောက်ဆုံး (၆)ပွဲဆက် သရေကျခဲ့ပြီး အဆင့်(၄)နေရာအထိ ကျဆင်းသွားခဲ့တယ်။ ဗလာဟိုဗစ်၊ ခီယေဆာတို့လို ကြယ်ပွင့်ကစားသမားတွေရှိပေမဲ့ တိုက်စစ်က ပုံမှန်သွင်းဂိုးတွေရဖို့ ရုန်းကန်နေရဆဲပဲ။ နောက်ဆုံးပွဲမှာ ဘိုလော့ဂ်နာကို သရေကစားနိုင်ခဲ့ပေမဲ့ ကံတရားကြောင့် ဆိုတာကိုလည်း ထည့်တွက်ရမယ်။ မွန်ဇာကလည်း နောက်ပိုင်းပွဲတွေ မှာ ရုန်းကန်လာရတဲ့အသင်းပါ။ အဆင့်(၃)နေရာကို ပြန်တက်ဖို့ကြိုးစားရမယ့် ဂျူဗင်တပ်စ်အသင်း ဒီပွဲတော့ အနိုင်ကစားသွားလိမ့်မယ်။ (၂-၀)၊ (၃-၁)ရလဒ်တွေ ဖြစ်နိုင်တယ်။



အေစီမီလန် - ဆာလာနီတာနာ (မြန်မာစံတော်ချိန် မေလ ၂၆ ရက် နံနက် ၁:၁၅ နာရီ)

အေစီမီလန်က စီးရီးအေနောက်ဆုံးပွဲမှာ တိုရီနိုကို စိတ်ပျက်စရာကစားပုံနဲ့ ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ အေစီမီလန်ရဲ့ ပွဲထွက်လူစာရင်းကို ကြည့်ရင်တော့ အရန်ကစားသမားအများစု ပါဝင်ခဲ့တာတွေ့ရတယ်။ တန်းဆင်းခဲ့ရပြီဖြစ်တဲ့ ဆလာနီတာနာကတော့ ဂျူဗင်တပ်စ်ကို သရေကစားနိုင်ခဲ့တာကလွဲလို့ ပွဲတိုင်း အရှုံးပေးခဲ့ရတာ တွေ့ရတယ်။ ရာသီပိတ် အိမ်ကွင်းပွဲစဉ်မှာ အေစီမီလန်အသင်း ဂိုးပြတ်နိုင်ပွဲယူလိမ့်မယ်။

Most Read

Most Recent