■ ယူရိုပါလိဂ်ချန်ပီယံ အတ္တလန်တာအသင်း စီးရီးအေတွင် အဆင့်(၅) ရရှိပါက အီတလီကလပ်(၆)သင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမည်     

■ ယူရိုပါလိဂ်ချန်ပီယံ အတ္တလန်တာအသင်း စီးရီးအေတွင် အဆင့်(၅) ရရှိပါက အီတလီကလပ်(၆)သင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမည်     
Published 24 May 2024

ယူရိုပါလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဆု ရရှိခဲ့သော အတ္တလန်တာအသင်းသည်  စီးရီးအေပြိုင်ပွဲ၌ အဆင့်(၅)နေရာ ရရှိခဲ့ပါက လာမည့်ရာသီ၌ အီ တလီကလပ်(၆)သင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရ သည်။

    

အတ္တလန်တာအသင်းသည် လက်ရှိအချိန်၌ စီးရီးအေပြိုင်ပွဲတွင် အဆင့်(၅)နေရာ ရရှိနေပြီး ၎င်း၏အထက်မှ ပြိုင်ဘက်အသင်းများအနေဖြင့် လက်ကျန်(၁)ပွဲသာ ယှဉ်ပြိုင်ကစားရန် ကျန်ရှိတော့သော်လည်း အတ္တလန်တာအသင်းမှာ (၂)ပွဲကျန်ရှိနေသည်။ 

ထို့ကြောင့် အတ္တလန်တာအသင်းအနေဖြင့် အဆင့်(၃)နေရာမှ ဘိုလော့ဂ်နာအသင်းနှင့် အဆင့်(၄)နေရာမှ ဂျူဗင်တပ်စ်အသင်းတို့ကို ကျော်ဖြတ်နိုင်သည့်အခြေအနေမှာပင် ရှိနေသည်။ 

အတ္တလန်တာအသင်းသည် လက်ရှိအမှတ်ပေးဇယားရပ် တည်မှုအရပင် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ ရရှိထားပြီးဖြစ်ပြီး ယခုအခါ ယူရိုပါလိဂ်ချန်ပီယံဆု ရရှိခဲ့သည့်အတွက် စီးရီးအေကလပ်အသင်းများ အနေဖြင့် လာမည့်ရာသီ၌ (၆)သင်းအထိ ဝင်ခွင့်ရဖွယ်ရှိနေခြင်းဖြစ် သည်။ 

သို့သော် UEFA ၏ စည်းမျဉ်းအရ အတ္တလန်တာအသင်းအနေဖြင့် အဆင့်(၃) သို့မဟုတ် (၄)နေရာ ရရှိခဲ့ပါက ကျန်အသင်းများအတွက် အခွင့်အရေးရရှိမည်မဟုတ်ဘဲ အဆင့်(၅)နေရာရရှိမှသာ ရိုးမားအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည်။ 

စီးရီးအေပြိုင်ပွဲသည် ယခုရာသီ လိဂ်ပြိုင်ပွဲစွမ်းဆောင်ရည်အရ လာမည့်ရာသီ၌ ချန်ပီယံလိဂ်ဝင်ခွင့် ထပ်တိုးတစ်နေရာ ရရှိထားသည်။

Most Read

Most Recent