■ အသင်း(၃၂)သင်းဖြင့် တိုးမြှင့်ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ရန် ပရီးမီးယားလိဂ်နှင့် လာလီဂါတာဝန်ရှိသူများ စီစဉ်

■ အသင်း(၃၂)သင်းဖြင့် တိုးမြှင့်ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ရန် ပရီးမီးယားလိဂ်နှင့် လာလီဂါတာဝန်ရှိသူများ စီစဉ်
Published 31 May 2024

ပရီးမီးယားလိဂ်နှင့် လာလီဂါပြိုင်ပွဲမှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်း (၃၂)သင်းဖြင့် တိုးမြှင့်ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကို သပိတ်မှောက်ရန် စီစဉ်နေကြောင်း သိရသည်။

    

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ပြိုင်ပွဲအထိ အသင်း(၇) သင်းဖြင့်သာ ကျင်းပခဲ့သော်လည်း လာမည့် ၂၀၂၅ ပြိုင်ပွဲတွင် အသင်း (၃၂)သင်းအထိ ပါဝင်လာမည်ဖြစ်သည်။ 

ထို့ကြောင့် ပြိုင်ပွဲကာလမှာလည်း တစ်လဝန်းကျင် ကြာမြင့်မည်ဖြစ်သောကြောင့် ပရီးမီးယားလိဂ်နှင့် လာလီဂါတာဝန်ရှိသူများက သပိတ် မှောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို နွေရာသီတွင် ကျင်းပမည်ဖြစ်သော်လည်း ကစားသမားများအား ဝန်ပိုစေမည့်အခြေအနေမှာ အခြားပြိုင်ပွဲများကို ထိခိုက်မှုရှိစေမည်ဖြစ်သောကြောင့် ဖီဖာသည် ဘောလုံးလောကကို သတ်နေခြင်းဖြစ်ကြောင်း ပရော်ဖက်ရှင်နယ်ဘောလုံးသမား များအဖွဲ့အစည်းဥက္ကဋ္ဌ မိုလန်ဂိုက သုံးသပ်ခဲ့သည်။ 

    

မိုလန်ဂိုသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအား သပိတ်မှောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ လာလီဂါဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ် နှင့်အတူ ဆွေးနွေးသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။ 

ပရီးမီးယားလိဂ်နှင့် လာလီဂါပြိုင်ပွဲမှ တာဝန်ရှိသူများသည် ၎င်းတို့၏ ကလပ်အသင်းများကို ကလပ်ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခြင်းမပြုရန် တားဆီးသွားဖွယ်ရှိကြောင်းလည်း သိရသည်။

Most Read

Most Recent