■ ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

■ ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 28 June 2024

ကိုလံဘီယာ - ကော်စတာရီကာ (မြန်မာစံတော်ချိန် ဇွန်လ ၂၉ ရက် နံနက် ၄:၃၀ နာရီ)

ကော်စတာရီကာအသင်းက အုပ်စုအဖွင့်ပွဲမှာ နာမည်ကြီး ဘရာဇီးလ်အသင်းကို သရေကစားခဲ့တယ်။ ဒါပေမဲ့ ကော် စတာရီကာအဖို့ နှစ်ပွဲဆက်တိုက် ကံကြမ္မာကောင်းရဖို့တော့ ဖြစ်နိုင်ခြေ မရှိလှဘူး။ ဒီပွဲမှာလည်း ကော်စတာရီကာ ဘရာဇီးလ်နဲ့ပွဲလိုပဲ ခံစစ်ကို လုံးလုံးလျားလျား အားပြုကစားပါလိမ့်မယ်။ ကိုလံဘီယာအသင်းမှာ အသင်းခေါင်းဆောင် ဟာမီးစ်ရိုဒရီဂွက်ဇ်က ငယ်မူငယ်သွေးပြပြီး ခြေစွမ်းပြနေတယ်။ ကစားသမားပိုင်းကလည်း အတော်လေးကွာပါတယ်။ ကိုလံဘီယာ ဂိုးပြတ်နိုင်ဖို့များတယ်။



ပါရာဂွေး - ဘရာဇီးလ် (မြန်မာစံတော်ချိန် ဇွန်လ ၂၉ ရက် နံနက် ၇:၃၀ နာရီ)

ဘရာဇီးလ်အသင်းအဖို့ ကော်စတာရီကာထက် ပိုအင်အားတောင့်တင်းတဲ့ ပါရာဂွေးနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ အတော် သတိထားကစားရလိမ့်မယ်။ ဘရာဇီးလ်အသင်းတိုက်စစ်မှာ နာမည်ကျော်ကစားသမားတွေ များစွာရှိပေမဲ့ ကော်စတာရီကာနဲ့ပွဲမှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့တာကတော့ စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ပြိုင်ပွဲမတိုင်ခင် ဂန္ထဝင်ကစားသမား ရော်နယ်လ်ဒင်ဟို ဝေဖန်ထားတဲ့ သမိုင်းတစ်လျှောက် အညံ့ဆုံးအသင်းဆိုတဲ့ စကားတောင် မှန်မလားလို့ တွေးဆစရာဖြစ်လာခဲ့တယ်။ ပါရာဂွေးအသင်းက ပရီးမီးယားလိဂ်အခြေစိုက် အယ်လ်မီရွန်၊ အန်စီဆိုစတဲ့ ကစားသမားတွေကို အဓိကအားပြုတည်ဆောက်ထားတာဖြစ်ပါတယ်။ နိုင်ပွဲလိုနေတဲ့ ဘရာဇီးလ် ဂိုးပြတ်နိုင်ပွဲနဲ့ ပြန်လာဖို့များတယ်။

 

Most Read

Most Recent