ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား အိုလီဆေးအား ကစားသမားအလိုက်ပေးကမ်းလှမ်းရန် ချယ်လ်ဆီးအသင်း စီစဉ်

ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား အိုလီဆေးအား ကစားသမားအလိုက်ပေးကမ်းလှမ်းရန် ချယ်လ်ဆီးအသင်း စီစဉ်
Photo: BBC
Photo: BBC
Published 15 June 2024

 

ချယ်လ်ဆီးအသင်းသည် ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား အိုလီဆေးအား ကစားသမားအလိုက်ပေးရန် ကမ်းလှမ်းရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ ]

အသက် ၂၂ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်တောင်ပံကစားသမား အိုလီဆေးသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့သော်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲတွင် ၁၀ ဂိုးသွင်းယူခဲ့သည်။ ပြီးခဲ့သည့် ရာသီက ခြေစွမ်းပြခဲ့သည့် အိုလီဆေးအား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့က အပြိုင်စိတ်ဝင်စားနေကြပြီး ယခုအခါ ချယ်လ်ဆီးအသင်းက လက်ဦးမှုရယူရန်ပြင်ဆင်လာခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် အိုလီဆေးအား ခေါ်ယူရန် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီကတည်းက ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ 

အိုလီဆေးသည် ပြီးခဲ့သည့် ၂၀၂၃ သြဂုတ်လကမှ ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုထားသူဖြစ်သည်။ Daily Mail ၏ ဖော်ပြချက်အရ ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် နောက်ဆုံးချုပ်ဆိုထားသည့် အိုလီဆေး၏စာချုပ်တွင် ပေါင်သန်း ၆၀ တန် လျော်ကြေးစာချုပ် ပါဝင်ကြောင်း သိရသည်။ မန်ယူအသင်းသည် အိုလီဆေးအား ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ပရီးမီးယားလိဂ်ဘဏ္ဍာရေး စည်းမျဉ်းအရ ခေါ်ယူနိုင်ဖွယ် မရှိကြောင်းလည်း Daily Mail က ဖော်ပြခဲ့သည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် ယခုအခါ အိုလီဆေးအား ခေါ်ယူရန် အရှိန်မြှင့်ကြိုးပမ်းလာခြင်းဖြစ်သည်။ 

Daily Mail ၏ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းသည် အိုလီဆေးအား ခေါ်ယူရန်အတွက် ကစားသမားအလိုက်ပေး ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် အိုလီဆေးအား အသင်းကစားသမားများဖြစ်သည့် တိုက်စစ်မှူး ဘရိုဟာနှင့် နောက်ခံကစားသမား ချာလိုဘာတို့အား အလိုက်ပေးကမ်းလှမ်းရန် စဉ်းစားလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် အိုလီဆေးအား ခေါ်ယူရန် နယူးကာဆယ်နှင့် ဘိုင်ယန် မြူးနစ်အသင်းတို့က စိတ်ဝင်စားနေကြသော်လည်း ချယ်လ်ဆီးအသင်းကမူ ၎င်းတို့၏ပစ်မှတ်ကစားသမားကို ခေါ်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် ခရစ္စတယ်ပဲလေ့စ်အသင်း၌ ခြေစွမ်းပြကစားနိုင်ခဲ့သည့် အိုလီဆေးသည် ယခုနွေတွင် ထိပ်တန်းအသင်းတစ်သင်းသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်းလည်း သိရှိရသည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် လာမည့်ရက်သတ္တပတ်များအတွင်း အိုလီဆေးအား ခေါ်ယူရန် အရှိန်မြှင့်ကြိုးပမ်းလာဖွယ်ရှိနေပြီး ခရစ္စတယ်ပဲလေ့စ်အသင်းထံ တရားဝင်ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်လျက် ရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

Most Read

Most Recent