၂၀၂၃-၂၄ ကိုအောင်နိုင်ခဲ့ကြသူများ

၂၀၂၃-၂၄ ကိုအောင်နိုင်ခဲ့ကြသူများ
Photo : Getty Images
Photo : Getty Images
Published 27 May 2024
Phoe Thar

ဥရောပထိပ်တန်းလိဂ် (၅)ခုမှာသာမက ဘောလုံးကမ္ဘာရဲ့အကောင်းဆုံးလိဂ်ပြိုင်ပွဲအဖြစ်သတ်မှတ်ထားတဲ့ ပရီးမီးယားလိဂ်ကတော့ ထုံးစံအတိုင်း နောက်ဆုံးမိနစ်၊ နောက်ဆုံးအချိန်အထိကိုရင်ခုန်မှုရသ အပြည့်အဝပေးခဲ့ပါတယ်။ ၂၀၂၃-၂၄ ရာသီ  ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျေနပ်စရာအောင်မြင်မှုကို ပိုင်ဆိုင်ခဲ့တဲ့အသင်းတွေက စံချိန်တင် (၄)နှစ်ဆက်ချန်ပီယံမန်စီးတီး၊ ၁၉၈၂-၈၃ ရာသီနောက်ပိုင်း နှစ်ပေါင်း (၄၀)ကျော်အကြာမှာမှ ချန်ပီယံလိဂ် ဝင်ခွင့်ကိုတစ်ကျော့ပြန်ရယူနိုင်ခဲ့တဲ့ အက်စတွန်ဗီလာနဲ့ အမှတ်လျှော့ပြစ်ဒဏ်တွေအကြားမှာပဲ တန်းဆင်းဇုန်ကနေ အလွတ်ရုန်းပြခဲ့တဲ့ အဲဗာတန် (၈ မှတ်လျော့)၊ နော်တင်ဟမ် (၄ မှတ်လျော့)အသင်းတွေကိုပဲညွှန်းဆိုရမှာပါ။ အထူးသဖြင့် ကြိုတင်ရေပန်းစားတဲ့အတိုင်း ချန်ပီယံဖြစ်ခဲ့တဲ့မန်စီးတီးထက် အူနိုင်းအမ်မရီဦးဆောင်တဲ့ အက်စတွန်ဗီလာအသင်းရဲ့ ချန်ပီယံလိဂ်ဆီသို့အောင်မြင်မှုကအချိုမြိန်ဆုံးဖြစ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး စပါး၊ ချယ်လ်ဆီး ၊ နယူးကာဆယ်နဲ့ မန်ယူအသင်းတွေကိုကျော်ဖြတ်ပြခဲ့တာက မဖြစ်မနေချီးကျူးရမှာပါ။

 

Most Read

Most Recent