ဘရာဇီးလ်ကြယ်ပွင့် Messinho အကြောင်း

ဘရာဇီးလ်ကြယ်ပွင့် Messinho အကြောင်း
Photos: Getty Images
Photos: Getty Images
Published 29 June 2024
AK

ပါးလ်မီးရပ်စ်အသင်းနည်းပြ အေဘယ်လ်ဖာရဲရားက သူ့စိတ်ထဲရှိတာကိုလူမသိအောင် လျှို့ဝှက်ထားတတ်တယ်။ သူ့အသင်းကကြယ်ပွင့်တွေအကြောင်းလည်း လူမသိစေချင်ဘူး။ တစ်နေ့မှာတော့ ချာတိတ်လေးတစ်ယောက်အကြောင်း သူမပြောဘဲမနေနိုင်ဖြစ်ခဲ့ရတယ်။ "ဒီကောင်လေး က ကျွန်တော်တွေ့ဖူးသမျှ ကစားသမားတွေနဲ့ အရာအားလုံး ကွဲပြားခြားနားနေတယ်"လို့ အေဘယ်လ်ဖာရဲရား ပြောခဲ့တာပါပဲ။ အေဘယ်လ်ဖာရဲရား ရည်ညွှန်းခဲ့သူက အသက် ၁ရနှစ်အရွယ်၊ အီစတယ်ဗိုပါပဲ။ မေလအစောပိုင်းက ကစားခဲ့တဲ့ ဘိုတာဖိုဂိုအသင်းနဲ့ ဘရာဇီးလ်ဖလားပြိုင်ပွဲမှာ အီစတယ်ဗိုအနိုင်ဂိုးသွင်းတာ မြင်တွေ့ခံစားပြီးနောက် အေဘယ်လ်ဖာရဲရားဟာ ပါးလ်မီးရပ်စ် အသင်းဘုတ်အဖွဲ့ကို အရေးပေါ် တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့တယ်။ အီစတယ်ဗိုကို မရောင်းပါနဲ့ဦး ဆိုတာပါပဲ။ ဒါပေမဲ့ အေဘယ်လ်ဖာရဲရားရဲ့ တောင်းဆိုချက် နောက်ကျခဲ့ပါပြီ။ အီစတယ်ဗိုကို ချယ်လ်ဆီး၊ PSG ၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ် အသင်းတွေအပြိုင်စိတ်ဝင်စားခဲ့ပြီး နောက်ဆုံးချယ်လ်ဆီး က ပေါင် ၅၂ သန်းနဲ့ သိမ်းပိုက်နိုင်ခဲ့တယ်။ အီစတယ်ဗိုက ၂၀၂၅ ဇူလိုင်လအတွင်းမှာ ချယ်လ်ဆီးကို တရားဝင်ရောက်ရှိလာမှာပါ။

 

Most Read

Most Recent