စာချုပ်သစ်အဆင်ပြေပြီး အသင်းတွင် လော်တာရိုမာတီနက်ဇ် ဆက်ရှိမည်ဟု အင်တာမီလန် CEO မာရော့တာ ယုံကြည်

စာချုပ်သစ်အဆင်ပြေပြီး အသင်းတွင် လော်တာရိုမာတီနက်ဇ် ဆက်ရှိမည်ဟု အင်တာမီလန် CEO မာရော့တာ ယုံကြည်
Photos: Getty Images
Photos: Getty Images
Published 1 June 2024

 

အင်တာမီလန်အသင်း၏ CEO ဖြစ်သူ မာရော့တာက အသင်းနှင့်အနာဂတ်မငြိမ်မသက်ဖြစ်နေသည့် အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အနေဖြင့် စာချုပ်သစ်အဆင်ပြေပြီး အသင်းတွင်ဆက်ရှိလိမ့်မည် ဟုယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၆)နှစ်အရွယ်ရှိ လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိစာချုပ်သက်တမ်း ကျန်ရှိနေသူဖြစ်သည်။

သို့သော် ခြေစွမ်းပြနေသည့် ၎င်းအားခေါ်ယူရန် ဥရောပထိပ်တန်းအသင်းကြီးများမှ ပစ်မှတ်ထားနေသည့်အတွက် အင်တာမီလန်အသင်းအနေဖြင့် စာချုပ်သစ်မချုပ်ဆိုနိုင်ပါက အလွယ်တကူလက်လွှတ်ရဖွယ်ရှိနေကြောင်း သိရသည်။

လော်တာရိုမာတီနက်ဇ်သည် ပြီးခဲ့သည့် ရာသီက အင်တာမီလန်အသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၄ ပွဲတွင် ၂၇ ဂိုးသွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent