ပြည်တွင်းဒိုင်လူကြီး ၈၀ ကျော်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တွေ့ဆုံ

ပြည်တွင်းဒိုင်လူကြီး ၈၀ ကျော်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တွေ့ဆုံ
Photo: MFF
Photo: MFF
Published 15 May 2024

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မေ ၁၄ ရက် နံနက်ပိုင်းက MFF အစည်းအဝေးခန်းမတွင်  ပြည်တွင်းဒိုင်လူကြီး ၈၀ ကျော်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင် MFF ဥက္ကဋ္ဌနှင့် အတူ ဒုဥက္ကဋ္ဌ၊ ခေတ္တအထွေထွေအတွင်း ရေးမှူး၊ အမှုဆောင်များ၊ ဒိုင်လူကြီးများ တက်ရောက်ခဲ့သည်။ ယင်းတွေ့ဆုံပွဲတွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာဒိုင်လူကြီးများအနေဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် ယခုထက်ပိုမို တာဝန်ထမ်းဆောင်ခွင့်ရရန်၊ ဘာသာစကား ပိုမိုလေ့လာပြီး ကြံ့ခိုင်မှုအပိုင်းများ ပိုမိုတိုးတက်လာရန်၊ ဒိုင်လူကြီး အကယ်ဒမီတည်ဆောက်ရန် စသည်ဖြင့် ထည့်သွင်းပြောကြားပြီး တက်ရောက်လာသည့် ဒိုင်လူကြီးများက အားနည်းချက်၊ လိုအပ် ချက်များကို ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်လမှစတင်ကာ မြန်မာ့ဘောလုံးနောက်ကွယ်မှ အရှုပ်အရှင်းကိစ္စရပ်များကို လူမှုကွန်ရက်စာမျက်နှာများတွင် ဆက်တိုက်ဖော်ပြလျက်ရှိပြီး ဒိုင်လူကြီးများ၏ ကိစ္စရပ်များလည်း ပါဝင်ခဲ့သည်။ ဒိုင်လူကြီးများ၏ အရှုပ်အရှင်းကိစ္စများကို ဆက်တိုက်ဖော်ပြမှုများပြုလုပ်ပြီးနောက် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြည်တွင်းဘောလုံး၊ ဖူဆယ်ပြိုင်ပွဲများ တွင် တာဝန်ထမ်းဆောင်နေသည့် ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများကို ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ 

သို့သော် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် ယင်းတွေ့ဆုံမှုအပေါ် "ဒိုင်လုပ်ငန်းများ တိုးတက်ကောင်းမွန်ရေး ပြည်တွင်းဒိုင် လူကြီး ၈၀ ကျော်နှင့် MFF ခေါ်ယူတွေ့ဆုံ"ဟု ခေါင်းစဉ်တပ်ကာ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

Most Read

Most Recent