အင်္ဂလန်လား၊ ပြင်သစ်လား၊ ဂျာမနီလား.... ဘာလင်မှာ ဘယ်အသင်း ဆုဖလားကိုင်မြှောက်ခွင့်ရမလဲ

အင်္ဂလန်လား၊ ပြင်သစ်လား၊ ဂျာမနီလား.... ဘာလင်မှာ ဘယ်အသင်း ဆုဖလားကိုင်မြှောက်ခွင့်ရမလဲ
Photo : UEFA
Photo : UEFA
Published 13 June 2024
Wai Yan Aung

ဒီတစ်ပတ် သောကြာနေ့မှာ အားလုံးစောင့် မျှော်နေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ စတင်ပါပြီ။ အိမ်ရှင် ဂျာမနီအသင်းနဲ့ စကော့တလန်အသင်းတို့ရဲ့ ယှဉ်ပြိုင်မှုနဲ့ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ယူရို-၂၀၂၄ ဖွင့်ပွဲ အခမ်းအနားမှာ ဒီနှစ်အစောပိုင်းက ဆုံးပါးသွားခဲ့တဲ့ ဂျာမနီဂန္ထဝင် ဘက်ကင်ဘောင်ဝါကို ဂုဏ်ပြုဖို့လည်း စီစဉ်ထားပါတယ်။ ဘက်ကင်ဘောင်ဝါဆိုတာက ဂျာမနီအသင်းအတွက် ပထမဆုံးသော ယူရိုချန်ပီယံဆုကို အသင်းခေါင်းဆောင်အဖြစ်နဲ့ ရယူပေးခဲ့သူပါ။ ယူရို-၂၀၂၄ ပြိုင်ပွဲက ဂျာမနီနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် ဒုတိယအကြိမ်လက်ခံကျင်းပတဲ့ ယူရိုပြိုင်ပွဲဖြစ်ပါတယ်။

 

Most Read

Most Recent