အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် (၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်မည်

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် (၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်မည်
Photo: MSYA
Photo: MSYA
Published 24 June 2024

(၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဇွန် ၂၅ ရက်မှ ဇူလိုင် ၆ ရက်အထိ လက်ခံကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသည် (၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို  ဆူရာဘာယာနှင့် မာလန်းမြို့နှစ်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အားကစားနည်း ၂၁ မျိုးမှ အမျိုးအစားပေါင်း(Events) ၂၅၀ မျိုး ထည့်သွင်းထားကြောင်း သိရသည်။

(၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမား ၄၀၀၀ ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

(၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဖူဆယ်၊ ပီတန်း၊ ဘော်လီဘော၊ ရေကူး၊ တင်းနစ်၊ Sport Climbing၊ ဘက်စကတ်ဘော(၃×၃)၊ ဂျူဒို၊ ဟန်းဘော၊ ဝူရှူး၊ Bridge၊ ပြေးခုန်ပစ်၊ ဘက်စကတ်ဘော(၅×၅)၊ ကြက်တောင်၊ မြားပစ်၊ သဲသောင်ပြင်ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလတ်၊ ကရာတေး၊ စစ်တုရင်အားကစားနည်းများ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် ယင်းပြိုင်ပွဲတွင် ဖူဆယ်၊ ပီတန်း၊ ဘော်လီဘော (ကျား၊ မ)၊ ဝူရှူး၊ မြားပစ်၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒိုနှင် ့ ကရာတေးအားကစားနည်း ၉ မျိုးတွင် အုပ်ချုပ်/နည်းပြနှင့် ကစားသမားပေါင်း ၁၁၉ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် (၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဇွန် ၂၁ ရက်တွင် ပထမအသုတ်၊ ဇွန် ၂၃ ရက်တွင် ဒုတိယအသုတ်၊ ဇွန် ၂၈ ရက်တွင် တတိယအသုတ်၊ ဇွန် ၂၉ ရက်တွင် စတုတ္ထအသုတ်၊ ဇူလိုင် ၁ ရက်တွင် နောက်ဆုံးအသုတ်များခွဲ၍ ထွက်ခွာကြမည် ဖြစ်သည်။

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၁၉၈၁ ခုနှစ်မှစ၍ ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ်က နောက်ဆုံးကျင်းပထားခဲ့သည်။

နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့မှာ ရွှေ(၂)၊ ငွေ(၂)၊ ကြေး(၂) ဆု(၆) ဆု ရရှိခဲ့သည်။

 

Most Read

Most Recent