■ ဟာဇက်အတွက် ချယ်လ်ဆီး ပေါင်(၅)သန်း ထပ်မံရရှိမည်

■ ဟာဇက်အတွက် ချယ်လ်ဆီး ပေါင်(၅)သန်း ထပ်မံရရှိမည်
Photo: Getty Images
Photo: Getty Images
Published 17 May 2024

ချယ်လ်ဆီးအသင်းသည် ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်အတွက် ရီးယဲလ်အ သင်းထံမှ ပေါင်(၅)သန်းထပ်မံရရှိမည်ဖြစ်ကြောင်း The Telegraph က ဖော်ပြခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ဟာဇက်ကို ၂၀၁၉ ခုနှစ်တွင် ချယ်လ်ဆီးအသင်းထံ ရောင်းထုတ်ခဲ့ရာ၌ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါက ဆုကြေးပေါင်(၅)သန်းထပ်ပေးရမည်ဟု သဘောတူညီချက်ရယူထားကြောင်း သိရသည်။  

ဟာဇက်သည် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သော်လည်း ၎င်းနှင့် ရီးယဲလ်အသင်း၏ မူလစာချုပ်မှာလည်း ၂၀၂၄ ဇွန်လအထိဖြစ်သည့်အတွက် ပေါင်(၅)သန်းထပ်မံရရှိရန် အကျုံးဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် ယခုရာသီတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြောင်း ယင်းစာချုပ်အရ ချယ်လ်ဆီးအသင်းကို ပေါင် (၅) သန်း ထပ်မံပေးချေရမည်ဖြစ်သည်။ 

Most Read

Most Recent