ဘာပေအတွက် နောက်ဆုံးအခွင့်အရေး

ဘာပေအတွက် နောက်ဆုံးအခွင့်အရေး
Photos: AFP
Photos: AFP
Published 24 April 2024
Taw Lynn

PSG အသင်းဟာ ချန်ပီယံလိဂ်မှာ ခက်ခဲစွာရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ (၂) ရာသီဆက်တိုက် ရှုံးထွက် (၁၆)သင်းအဆင့်ကနေချည်း ထွက်ခွာခဲ့ရတယ်။ မက်ဆီ၊ နေမာနဲ့ ရာမို့စ်တို့ ထွက်ခွာသွားတာကြောင့် ဒီရာသီမှာ PSG အသင်းအပေါ် မျှော်လင့်ချက် အားနည်းသွားခဲ့တာပါ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ PSG အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါပြီ။ PSG အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းနဲ့တွေ့ဆုံနေပြီး ဒေါ့မွန်ကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်-ရီးယဲလ်မက်ဒရစ်ပွဲက အနိုင်ရတဲ့ အသင်းနဲ့ တွေ့ဆုံမှာပါ။ ဘာပေနဲ့ PSG အတွက် သူတို့အလိုချင်ဆုံး၊ အလိုအပ်ဆုံးဖလားကို ရယူနိုင်ဖို့အတွက် ခြေလှမ်းနှစ်လှမ်းပဲ ကျန်တော့တာပါ။ ပြီးတော့ ဒီရာသီအကုန်မှာ PSG အသင်းကထွက်ခွာမယ့် ဘာပေအတွက် PSG ကစားသမားဘဝကို ချန်ပီယံလိဂ်ဖလားရယူပြီး အလှပဆုံးအဆုံးသတ်နိုင်ဖို့ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်ပါတယ်။ 

 

Most Read

Most Recent