ခွန်ဒဲကို ခေါ်ယူရန် မန်ယူနှင့် ချယ်လ်ဆီး အပြိုင်စိတ်ဝင်စား

ခွန်ဒဲကို ခေါ်ယူရန် မန်ယူနှင့် ချယ်လ်ဆီး အပြိုင်စိတ်ဝင်စား
Photo: X
Photo: X
Published 14 March 2024

မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့သည် ဘာစီလိုနာနောက်ခံကစားသမား ခွန်ဒဲအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရသည်။

ပြင်သစ်နောက်ခံကစားသမား ခွန်ဒဲ(၂၅ နှစ်)သည် ညာနောက်ခံနေရာတွင်သာမက ဗဟိုခံစစ်မှူးအဖြစ်ပါ ကစားနိုင်သူဖြစ်သည်။

ခွန်ဒဲသည် ဗဟိုခံစစ်တွင် ကစားရသည်ကို ပိုမိုနှစ်သက်ပြီး ဘာစီလိုနာအသင်းကမူ ၎င်းကို ညာနောက်ခံနေရာတွင်သာ အသုံးပြုနေကြောင်း သိရသည်။

ထို့ကြောင့် ခွန်ဒဲသည် ယင်းအခြေအနေကို စိတ်ပျက်နေပြီး အသင်းမှထွက်ခွာလိုနေကြောင်း သိရသည်။

ဘာစီလိုနာအသင်းကလည်း ဘဏ္ဍာရေးအခြေအနေကြောင့် ခွန်ဒဲကို ရောင်းထုတ်ဖွယ်ရှိနေရာ မန်ယူ နှင့် ချယ်လ်ဆီးတို့က ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။ 

 

Most Read

Most Recent