■ ဂရင်းဝုဒ်အတွက် လာလီဂါကလပ်(၄)သင်းနှင့် မန်ယူအသင်း ဆွေးနွေး

■ ဂရင်းဝုဒ်အတွက် လာလီဂါကလပ်(၄)သင်းနှင့် မန်ယူအသင်း ဆွေးနွေး
Photo: Getty Images
Photo: Getty Images
Published 15 March 2024

မန်ယူအသင်းသည် အင်္ဂလန်တိုက်စစ်ကစားသမား ဂရင်းဝုဒ်၏ အနာဂတ်အတွက် ယခုရက်ပိုင်းအတွင်း လာလီဂါကလပ်အသင်း(၄)သင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

မန်ယူအသင်းသည် ဂရင်းဝုဒ်(၂၂ နှစ်)ကို လိင်ပိုင်းဆိုင်ရာ တရားစွဲဆိုမှုနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ပြီးခဲ့သည့်နွေရာသီတွင် လာလီဂါကလပ် ဂီတာဖေးအသင်းထံ အငှားချခဲ့ပြီး အသင်းတွင် ပြန်လည်နေရာပေးလိုခြင်းမရှိတော့သည့်အတွက် ရောင်းထုတ်ရန် စီစဉ်နေသည်။ 

ဂရင်းဝုဒ်သည် ဂီတာဖေးအသင်းနှင့်အတူ စပိန်မြေတွင် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် လက်ရှိကလပ် ဂီတာဖေးအသင်းသာမက လာလီဂါထိပ်သီးအသင်းများဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် အက်သလက်တီကိုအသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။ 

ထို့ကြောင့် မန်ယူအသင်း၏ ဘောလုံးဒါရိုက်တာ ဂျွန်မာတောက်သည် အဆိုပါလာလီဂါကလပ်(၄)သင်းမှ တာဝန်ရှိသူများနှင့် စပိန်မြေတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းသည် ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၅၀)ဟု သတ်မှတ်ထားကြောင်းလည်း သိရသည်။

Most Read

Most Recent