■ ကစားသမားရောင်းချရာတွင် မိခင်ကလပ်အသင်းက အကျိုးအမြတ်ခံစားခွင့် အများဆုံးရရှိသည့် ကစားသမားအဖြစ် လစ်ဗရာမန်တို ရပ်တည်နေ

■ ကစားသမားရောင်းချရာတွင် မိခင်ကလပ်အသင်းက အကျိုးအမြတ်ခံစားခွင့် အများဆုံးရရှိသည့် ကစားသမားအဖြစ် လစ်ဗရာမန်တို ရပ်တည်နေ
Photo: Newcastle
Photo: Newcastle
Published 19 March 2024

ကစားသမားရောင်းချရာတွင် မိခင်ကလပ်အသင်းက အကျိုးအမြတ်ခံစားခွင့် အများဆုံးရရှိသည့် ကစားသမားအဖြစ် နယူးကာဆယ်အသင်းနောက်ခံလူ လစ်ဗရာမန်တိုက ရပ်တည်နေကြောင်း သိရသည်။

ကလပ်အသင်းများအနေဖြင့် အကယ်ဒမီ သို့မဟုတ် လူငယ်ကစားသမားများ ရောင်းချစဉ် ၎င်းတို့ကို အနာဂတ်တွင် အခြားကလပ်အသင်းထံ ရောင်းချဖြစ်ပါက အကျိုးခံစားခွင့်ပေးရမည့်အချက် (Sell-on Clause) ထည့်သွင်းချုပ်ဆိုထားသည်။

ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနက Sell-on Clause မှတစ်ဆင့် အကျိုးအမြတ်ခံစားခွင့် အများဆုံးရရှိခဲ့သည့် ကစားသမားစာရင်းကို ဖော်ပြရာ အင်္ဂလန်လူငယ်နောက်ခံလူ လစ်ဗရာမန်တိုက ထိပ်ဆုံးနေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။

လစ်ဗရာမန်တို (၂၁ နှစ်)သည် ၂၀၂၃ ခုနှစ် နွေရာသီတွင် ဆောက်သမ်တန်အသင်းမှ နယူးကာဆယ်အသင်းသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်း၊ Add-on ကြေး ပေါင်ရှစ်သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။

ဆောက်သမ်တန်အသင်းက ၎င်းအား ပေါင်သန်း ၅၀ ဖြင့် ပြန်လည်ခေါ်ယူနိုင်မည့် Buy-back Clause ထည့်သွင်းချုပ်ဆိုထားသလို မိခင်ကလပ် ချယ်လ်ဆီးအသင်းနှင့် ကနဦးချုပ်ဆိုထားသည့် Sell-on Clause အရ ပေါင် ၁၅ သန်း ပေးအပ်ခဲ့ရခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် နွေရာသီတွင် ဝုလ်ဖ်ဘတ်အသင်းမှ မန်စီးတီးသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည့် ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားက Sell-on Clause ပေါင် ၁၀ သန်းဖြင့် ဒုတိယနေရာရပ် တည်နေသည်။

ချယ်လ်ဆီးအသင်း သည် ဒီဘရိုင်းနားအား ဝုလ်ဖ်ဘတ် အသင်းထံ ရောင်းချခဲ့ပြီးနောက် တစ်ရာသီခွဲအကြာမှာပင် Sell-on Clause အရ ပေါင် ၁၀ သန်း ထပ်မံ ရရှိခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် ၂၀၁၅ ခုနှစ် နွေရာသီတွင် အင်္ဂလန် လက်ရွေးစင်တောင်ပံကစားသမား စတာလင်ကို မန်စီးတီးအသင်းထံ ရောင်းချမှုအတွက် ၎င်း၏မိခင်ကလပ် QPR အသင်းအား ပေါင် ၇ ဒသမ ၈ သန်း ပေးချေခဲ့ရသည်။

လီဗာပူးလ်အသင်းအနေဖြင့် စတာ လင်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၄ သန်း၊ Add-ons ကြေး ပေါင်ငါးသန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ် ပြီး QPR အသင်းက အကျိုးခံစား ခွင့် ရာခိုင်နှုန်း ၂၀ ပြန်လည်ရရှိခဲ့ သည်။

ထို့ပြင် ၂၀၁၇ ခုနှစ် ဇူလိုင်တွင် ဘန်လေအသင်းမှ အဲဗာတန်သို့ ပေါင်သန်း ၃၀ ဖြင့် ပြောင်းရွှေ့ခဲ့သည့် နောက်ခံလူ မိုက်ကယ်ကင်းအတွက် မန်ယူအသင်းက ပေါင် ၇ ဒသမ ၅ သန်း၊ ၂၀၁၆ ခုနှစ် သြဂုတ်တွင် အဲဗာတန်အသင်းမှ မန်စီးတီးသို့ ပေါင် ၄၇ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည့် နောက်ခံလူ ဂျွန် စတုန်းစ်အတွက် ဘန်စလေအသင်း က ပေါင် ၇ ဒသမ ၁ သန်းရရှိခဲ့သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ယခုနွေရာသီတွင် ထိပ်တန်းကလပ်များ၏ပစ်မှတ် ဘိုင်ယန်မြူးနစ်ကစားသမား မူဆီယာလာ၏ အပြောင်းအရွှေ့ဖြစ်ပေါ်ပါက အကျိုးခံစားခွင့် ရာခိုင်နှုန်း ၂၀ ရရှိဦးမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြသည်။

Most Read

Most Recent