ရီးယဲလ်မက်ဒရစ်အသင်းအား အယ်လ်ရှာဘတ်ကွင်းလယ်လူ ရာကီတစ် ချီးကျူးစကား ဆို

ရီးယဲလ်မက်ဒရစ်အသင်းအား အယ်လ်ရှာဘတ်ကွင်းလယ်လူ ရာကီတစ် ချီးကျူးစကား ဆို
Photo: Alshabab
Photo: Alshabab
Published 11 March 2024

ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းတွင် သွားရောက်ကစားနေသည့် ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်သည် စပိန်လာလီဂါထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းအား ချီးကျူးစကားဆိုခဲ့ကြောင်း သိရသည်။

ရာကီတစ်သည် ဘာစီလိုနာနှင့် ဆီဗီလာအသင်းတို့တွင် ကစားခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းကမှ အယ်လ်ရှာဘတ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သူဖြစ်သည်။

ရာကီတစ်က ''ရီးယဲလ်မက်ဒရစ်က တဖြည်းဖြည်းနဲ့ အသင်းကောင်းတစ်သင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့တယ်။ သူတို့ရဲ့ ၀ါရင့်ကစားသမားတွေဖြစ်တဲ့  မိုဒရစ်နဲ့ တိုနီကရို့စ်တို့ကလည်း အသင်းကို ဦးဆောင်နိုင်ဆဲပါပဲ။ ဘယ်လင်ဟမ်က အသင်းကို ပိုမိုကောင်းမွန်စေသူပါ။ သူ့(ဘယ်လင်ဟမ်)အနေနဲ့လည်း မိုဒရစ်နဲ့ တိုနီကရို့စ် နှစ်ယောက်ဆီက သင်ယူနိုင်ပါလိမ့်မယ်။ ရီးယဲလ်မက်ဒရစ်ရဲ့ ပြောင်းလဲမှုကို ကျွန်တော် တကယ်ကို ချီးကျူးချင်ပါတယ်''ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent