မန်စီးတီးအသင်း၏ ကမ်းလှမ်းမှုကို အလွန်ဆို ပယ်ချခဲ့ဖူး

မန်စီးတီးအသင်း၏ ကမ်းလှမ်းမှုကို အလွန်ဆို ပယ်ချခဲ့ဖူး
Photo: Getty Images
Photo: Getty Images
Published 11 March 2024

လေဗာကူဆင်အသင်း၏ စပိန်နိုင်ငံသားနည်းပြ အလွန်ဆိုသည် လွန်ခဲ့သည့် (၄)နှစ်ခန့်က မန်စီးတီးအသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ဖူးကြောင်း Daily Star သတင်းစာက ဖော်ပြခဲ့သည်။

ယင်းအချိန်က မန်စီးတီးအသင်းမှ လက်ထောက်နည်းပြ အာတီတာ ထွက်ခွာခဲ့ပြီးနောက် ဂွါဒီယိုလာအနေဖြင့် ၎င်းနေရာအတွက် အလွန်ဆိုအား ကမ်းလှမ်းခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော် အလွန်ဆိုသည် စပိန်ထိပ်သီးနည်းပြ ဂွါဒီယိုလာ၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး ဆိုစီဒက်လူငယ်အသင်းကိုသာ ဆက်လက်ကိုင်တွယ်ရန်ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent