ပေါ်တူဂီလက်ရွေးစင်အသင်းကိုကျော်ပြီး ရိုးမားကိုရွေးမိ၍ နောင်တရမိကြောင်း မော်ရင်ဟို ဝန်ခံ

ပေါ်တူဂီလက်ရွေးစင်အသင်းကိုကျော်ပြီး ရိုးမားကိုရွေးမိ၍ နောင်တရမိကြောင်း မော်ရင်ဟို ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 11 May 2024

 

နာမည်ကျော်နည်းပြ မော်ရင်ဟိုက ပေါ်တူဂီလက်ရွေးစင်အသင်းကိုကျော်ပြီး ရိုးမားအသင်းကို ရွေးချယ်ခဲ့ခြင်းအတွက် နောင်တရမိကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

မော်ရင်ဟိုသည် ပြီးခဲ့သည့်ဇန်နဝါရီတွင် ရိုးမားနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး ယင်းသို့ထုတ်ပယ်မခံရမီ ၂၀၂၃ နွေရာသီတွင် ပေါ်တူဂီအသင်း ၏ကမ်းလှမ်းမှုကို ရရှိခဲ့ကြောင်း သိရသည်။ 

မော်ရင်ဟိုက "ပေါ်တူဂီအသင်းကို နည်းပြဖို့ အခွင့်အရေးနှစ်ကြိမ် ရခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ကြိမ်စလုံးက အချိန်ကောင်းမဟုတ်ခဲ့ပါဘူး။ ပေါ်တူဂီအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ရိုးမားမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကိုတော့ ကျွန်တော် နောင်တရမိပါတယ်"ဟု ဆိုခဲ့သည်။ 

မော်ရင်ဟိုသည် မန်ယူအသင်းကို ဒုတိယအကြိမ်ကိုင်တွယ်ရန် ဆန္ဒရှိနေကြောင်းလည်း သိရသည်။

Most Read

Most Recent