အားလပ်ရက်လျှော့ချ၍ အင်္ဂလန်လက်ရွေးစင်အသင်းနှင့် ဂရီးလစ်ရှ် ပူးပေါင်းလေ့ကျင့်

အားလပ်ရက်လျှော့ချ၍ အင်္ဂလန်လက်ရွေးစင်အသင်းနှင့် ဂရီးလစ်ရှ် ပူးပေါင်းလေ့ကျင့်
Photo: X
Photo: X
Published 3 June 2024

မန်စီးတီးအသင်း၏ တိုုက်စစ်ကစားသမား ဂရီးလစ်ရှ်သည် ၎င်း၏ အားလပ်ရက်ကို လျှော့ချ၍ အင်္ဂလန်လက်ရွေးစင်အသင်းနှင့်အတူ လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်စီးတီးနှင့် မန်ယူအသင်းမှ ကစားသမားများသည် FA ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ရသည့်အတွက် လာမည့်ရက်သတ္တပတ်မှသာ လက်ရွေးစင်အသင်းနှင့် ပူးပေါင်းနိုင်သည့် အခွင့်အရေးရှိသော်လည်း ဂရီးလစ်ရှ်သည် ဂျွန်စတုန်းစ်၊ မက်ဂွိုင်းရားတို့နှင့်အတူ စနေနေ့မှာပင် လက်ရွေးစင်အသင်းနှင့် လေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဂရီးလစ်ရှ်သည် ပြီးခဲ့သည့်ရာသီတွင် မန်စီးတီးအသင်း၌ ပွဲကစားခွင့် လျော့ကျခဲ့သည့်အတွက် ယူရိုပြိုင်ပွဲဝင်မည့် နောက်ဆုံးလူစာရင်းတွင် ပါဝင်ရန်မသေချာကြောင်း သိရသည်။

Most Read

Most Recent