ယူရိုတွင် ပေါ်တူဂီ အောင်မြင်မှုရအောင် စီရော်နယ်လ်ဒို ဦးဆောင်နိုင်မည်ဟု ရက်နက်ပ် ဆို

ယူရိုတွင် ပေါ်တူဂီ အောင်မြင်မှုရအောင် စီရော်နယ်လ်ဒို ဦးဆောင်နိုင်မည်ဟု ရက်နက်ပ် ဆို
Photo: Cristiano Ronaldo X
Photo: Cristiano Ronaldo X
Published 6 June 2024

၀ါရင့်နည်းပြဟောင်း ဟယ်ရီရက်နက်ပ်က နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုအနေဖြင့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ပေါ်တူဂီအသင်းကို အောင်မြင်မှုများရရှိအောင် အကောင်းဆုံးဦးဆောင်နိုင်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အသက်(၃၉)နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် အဆင့်နိမ့်ပါးသည့် ဆော်ဒီပရိုလိဂ်တွင် ကစားနေသောကြောင့် အရင်လိုခြေစွမ်းပြရန်မလွယ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

သို့သော် ဟယ်ရီရက်နက်ပ်က Ballon d'Or ငါးကြိမ်ပိုင်ရှင် စီရော်နယ်လ်ဒိုအနေဖြင့် ဂျာမနီနိုင်ငံတွင် ကျင်းပမည့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ပေါ်တူဂီအသင်းကို အောင်မြင်မှုများရရှိအောင် ဦးဆောင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟယ်ရီရက်နက်ပ်က ''ယူရို ၂၀၂၄ ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ပေါ်တူဂီအသင်းကို ကျွန်တော် စိတ်ဝင်စားပါတယ်။ သူတို့မှာ ကစားသမားကောင်းတွေ အများကြီး ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပေါ်တူဂီအသင်းကို ကြည့်လိုက်မယ်ဆိုရင် ဘယ်လိုအရည်အချင်း ရှိတယ်ဆိုတာကို ခင်ဗျားတို့လည်း မြင်မှာပါ။ စီရော်နယ်လ်ဒိုက အဆင့်နိမ့်ပါးတဲ့ လိဂ်ပြိုင်ပွဲမှာ ကစားနေပေမဲ့ သူက အရင်လို ကောင်းနေတုန်းပါပဲ။ သူ့အနေနဲ့ ယူရိုပြိုင်ပွဲမှာ ဂိုးတွေသွင်းယူနိုင်ဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းကို  အောင်မြင်မှုရအောင် လုပ်ပေးနိုင်မှာပါ။ ကျွန်တော်ကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်ပြီးရင် ပေါ်တူဂီက ဗိုလ်စွဲဖို့ ဒုတိယရေပန်းအစားဆုံးအသင်းလို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent