■ ယူရို-၂၀၂၄ ပြိုင်ပွဲ၏ အုပ်စုအဆင့် အကောင်းဆုံးအသင်းကို ESPN ရွေးချယ်     

■ ယူရို-၂၀၂၄ ပြိုင်ပွဲ၏ အုပ်စုအဆင့် အကောင်းဆုံးအသင်းကို ESPN ရွေးချယ်     
Photo: UEFA
Photo: UEFA
Published 28 June 2024

နာမည်ကျော် အမေရိကန်မီဒီယာ ESPN က ယူရို-၂၀၂၄ ပြိုင်ပွဲ၏ အုပ်စုအဆင့် အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ရာ ဂျော်ဂျီယာကစားသမားနှစ်ဦး ပါဝင်ခဲ့ကြောင်း သိရ သည်။

    

ယူရို-၂၀၂၄ ပြိုင်ပွဲ၏ အုပ်စုအဆင့်ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီးနောက် ကမ္ဘာတစ်လွှားမှ မီဒီယာအများအပြားက အုပ်စုအဆင့် အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ကြရာ ESPN လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ 

ESPN က အကောင်းဆုံး အသင်းကို (၄-၂-၃-၁)ပုံစံဖြင့် ရွေးချယ်ခဲ့ပြီး ဂိုးသမားအဖြစ် မာမာဒက်ရှ်ဗီလီ(ဂျော်ဂျီယာ)၊ နောက်တန်းတွင် မူလ်ဒါ(တူရကီ)၊ ဆာလီဘာ (ပြင်သစ်)၊ အကန်ဂျီ(ဆွစ်ဇာလန်)၊ ကူကူရယ်လာ(စပိန်)၊ ကွင်းလယ်၌ တိုနီကရို့စ်(ဂျာမနီ)၊ ကွန်တေ(ပြင်သစ်)၊ တိုက်စစ်(၃)ယောက်၌ ရှရန့်ဇ်(ဆလိုဗက်ကီးယား)၊ မူစီယာလာ(ဂျာမနီ)၊ နီကိုဝီလျံစ်(စပိန်)၊ တိုက်စစ်မြားဦး၌ မီကောတက်ဇီ(ဂျော်ဂျီယာ)တို့ ပါဝင်ခဲ့ပြီး နည်းပြအဖြစ်လည်း ဂျော်ဂျီယာနည်းပြ ဝီလီဆက်ဂ်ညောကို ရွေးချယ်ခဲ့သည်။ 

ESPN ၏ ရွေးချယ်မှုတွင် ထူး ခြားသည်မှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရသော အင်္ဂလန်အသင်းမှ ကစားသမားတစ်ဦးမျှ မပါဝင်ခြင်းဖြစ်သည်။ 

ထို့အတူ  လက်ရှိချန်ပီယံ အီတလီအသင်းမှ ကစားသမားလည်း ပါဝင်ခြင်းမရှိခဲ့ပေ။ ယူရို-၂၀၂၄ ပြိုင်ပွဲ ၏ အုပ်စုအဆင့်တွင် စပိန်အသင်းက စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ခဲ့သည်။

Most Read

Most Recent