■ ဟန်ဆီဖလစ်ခ်၏ ဘာစီလိုနာနည်းပြဘဝ ပွဲဦးထွက်အဖြစ် မန်စီးတီးနှင့် ရင်ဆိုင်ရမည်     

■ ဟန်ဆီဖလစ်ခ်၏ ဘာစီလိုနာနည်းပြဘဝ ပွဲဦးထွက်အဖြစ် မန်စီးတီးနှင့် ရင်ဆိုင်ရမည်     
Published 28 June 2024

ဘာစီလိုနာအသင်း၏ နည်းပြသစ် ဟန်ဆီဖလစ်ခ်သည် အသင်းသစ်နှင့် ပွဲဦးထွက်အဖြစ် မန်စီးတီးနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံသို့ သွားရောက်မညြ်ဖစ်ပြီး Champions Tour 2024 ပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဘာစီလိုနာအသင်းသည် အဆိုပါပြိုင်ပွဲတွင် မန်စီးတီး၊ ရီးယဲလ်မက်ဒရစ်၊ အေစီမီလန်တို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

မန်စီးတီးနှင့်ပွဲကို ဇူလိုင်(၃၀)တွင် စတင်ယှဉ်ပြိုင်ရမည်ဖြစ်၍ နည်းပြသစ် ဟန်ဆီဖလစ်ခ်၏ ပွဲဦးထွက်ဖြစ်လာမည်ဖြစ်သည်။ 

ဟန်ဆီဖလစ်ခ်သည် ဘာစီလိုနာအသင်းနှင့် ရာသီသစ်အတွက် လေ့ကျင့်မှုအစီအစဉ်ကို လာမည့်ရက်သတ္တပတ်အတွင်း၌ စတင်ဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent